• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
14 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

စစ်ကောင်စီဗဟိုဘဏ်က ကန်ဒေါ်လာ သန်း ၁၁၀ ရောင်းပေးမည်ဟုဆိုသော်လည်း စက်သုံးဆီဈေး ချက်ချင်းပြန်တက်

Thar Nge Lay by Thar Nge Lay
Apr 25, 2025
in စီးပွားရေး
0
0
စစ်ကောင်စီဗဟိုဘဏ်က ကန်ဒေါ်လာ သန်း ၁၁၀ ရောင်းပေးမည်ဟုဆိုသော်လည်း စက်သုံးဆီဈေး ချက်ချင်းပြန်တက်

Photo-MPA (ပုံစာ-ရန်ကုန်မြို့အတွင်း စက်သုံးဆီ တန်းစီနေမှုမြင်ကွင်း) ပုံအဟောင်းအား အသုံးပြုထားသည်။

Share on FacebookShare on Twitter

By Mg Dagon / MPA

စစ်ကောင်စီဗဟိုဘဏ်က ယခုဧပြီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များထံ သုံးကြိမ်ခွဲ၍ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရောင်းချပေးမည်ဟုထုတ်ပြန်ထားသော်လည်း စက်သုံးဆီဈေးမှာ ခေတ္တသာကျပြီး ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များထံ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)မှတစ်ဆင့် ဧပြီ လေးရက်နေ့တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၊ ဧပြီလ ၁၆ ရက်နေ့တွင် ကန်ဒေါ်လာ ၅၅ သန်းနှင့် ဧပြီလ ၂၂ ရက်နေ့တွင် ကန်ဒေါ်လာ ၂၅ သန်း ထုတ်ရောင်းပေးမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် မြန်မာ့စက်သုံးဆီဈေးကွက်နှင့်တိုက်ရိုက်ဆက်စပ်မှုရှိသည့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာလည်း ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကထက် တစ်စည်လျှင် အမေရိကန် ၂ ဒေါ်လာခန့် ထပ်မံကျဆင်းလာကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ ဈေးကွက်တွေကလည်း ဆန်းကျယ်တယ်။ တက်စရာဘာအကြောင်းမှမရှိဘဲနဲ့လည်း တက်နေတာပဲ၊ အခုစက်သုံးဆီလည်း အဲဒီလိုပဲ။ ကမ္ဘာ့ရေနံစိမ်းဈေးလည်းကျတယ်။ ဒေါ်လာလည်း ထုတ်ရောင်းပေးသေးတယ်။ ဒါတောင် ကျတာမကြာသေးဘူး။ ချက်ချင်းပြန်တက်လာတယ်” ဟု ရန်ကုန်မြို့မှ မော်တော်ကားပိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးကွက်အတွင်း ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က အောက်တိန်း 92 နှင့် 95 တစ်လီတာလျှင် ၃၁၀ ကျပ်စီ၊ ဒီဇင်တစ်လီတာလျှင် ၂၀၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၂၄၀ ကျပ်သို့ ထိုးကျခဲ့ရာမှ ယနေ့တွင် အောက်တိန်း 92 နှင့် 95 တစ်လီတာလျှင် ၆၅ ကျပ်စီ၊ ဒီဇယ်တစ်လီတာလျှင် ၄၅ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၅၀ ကျပ်သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စက်သုံးဆိုင်များက နေ့စဉ်ကြေညာသည့်ဈေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က စက်သုံးဆီဈေးနှုန်းများသည် လွန်ခဲ့သည့် ရှစ်လအတွင်းအနိမ့်ဆုံးဈေးများအဖြစ်သို့ ရောက်ရှိခဲ့ပြီးနောက် ၆ ရက်အကြာ ယနေ့တွင် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

“တော်သေးတယ်။ ဟိုတစ်နေ့က ဈေးကျတုန်းလေး တိုင်ကီအပြည့်သွားဖြည့်ထည့်ထားလိုက်တာ မှန်သွားတယ်။ တက်မှာဘဲ၊ နိုင်ငံက ကောင်းမှမကောင်းတာ” ဟု တောင်ကြီးမြို့ခံ ကားပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိစက်သုံးဆီဈေးနှုန်းများပြန်လည်မြင့်တက်လာခြင်းမှာ ကမ္ဘာ့ရေနံစိမ်းဈေး ထပ်မံကျဆင်းနေသည့်အချိန်နှင့် နိုင်ငံခြားငွေပြတ်လပ်ခြင်းကြောင့် မဟုတ်ပါက ဆီတင်သွင်းသည့် ကုမ္ပဏီများတွင် ဆီလက်ကျန်နည်းပါးခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဈေးကွက်စောင့်ကြည့် လေ့လာသူများက ပြောသည်။

“မြန်မာပြည်ဈေးကွက် မှန်းရခက်ခဲတယ်။ အကြာကြီးလှောင်ထားလို့ရတဲ့အရာလည်းမဟုတ်တော့ စောင့်ကြည့်ရမှာပဲ” ဟု ဈေးကွက်စောင့်ကြည့်လေ့လာနေသူတစ်ဦးက ပြောသည်။

ထို့ကြောင့် စက်သုံးဆီများ ဆိုးဆိုးရွားရွားပြန်လည်ပြတ်လပ်ပြီး ယခင်ကကဲ့သို့ ညအိပ်တန်းစီဝယ်ယူရမည်ကို စက်သုံးဆီအသုံးပြုသူများက စိုးရိမ်ပူပန်နေကြသည်။

“အရင်လို တန်းပြန်စီရရင်တော့ ဒုက္ခပါပဲ။ ဒီနိုင်ငံမှာလည်း ဘယ်တော့မှ လူတန်းစေ့နေနိုင်မလဲ မသိပါဘူး။ ပြီးခဲ့တဲ့နှစ်ပြတ်တုန်းက ကျတော်တို့က ညသန်းခေါင်မှ ဆီရလေ့ရှိတော့ အဲဒီအချိန်တန်းသွားစီခဲ့ရတာ။ တစ်ခေါက် ပြန်လာတုန်းက စစ်သားတွေရဲ့ ဖမ်းတာခံရဖို့ နည်းနည်းလေးပဲလိုတယ်။ လမ်းမှာတွေ့တဲ့ကားတွေကပြောလို့ ရှေ့ဆက်မသွားရဲဘဲ လမ်းပေါ်မှာ ညအိပ်ခဲ့ရတယ်” ဟု ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ ဧပြီလ ၂၅ ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၂၈၀၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၈၆၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၄၃၅ ကျပ်နှင့် အဆင့်မြင်ဒီဇယ် တစ်လီတာလျှင် ၃၀၁၀ ကျပ်ဈေးရှိကြောင်း ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်ကြီးများ၏ ကြေညာချက်အရ သိရသည်။

ကမ္ဘာ့ရေနံစိမ်းဈေးကွက်အတွင်း ကမ္ဘာသုံးရေနံစိမ်းအမျိုးအစားဖြစ်သည့် Brent Crude ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၆ ဒေါ်လာကျော်နှင့် WTI မှာ တစ်စည်လျှင် ၆၃ ဒေါ်လာကျော်ဈေးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတဝန်း စက်သုံးဆီဆိုးရွားစွာပြတ်လပ်မှုကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းမှစတင်၍ ကြုံတွေ့ခဲ့ရပြီး ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ၁၀ ကြိမ် ထက်မနည်းထိုသို့ဖြစ်ပွားခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း သုံးကြိမ်ထက်မနည်း ဆီပြတ်လပ်မှု ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့သည်။

Tags: ကန်ဒေါ်လာဗဟိုဘဏ်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

No Content Available
Load More

ရွေးချယ်ရန် Topics

MPA (10850) Myanmar (9776) News (9157) military (7093) SAC (6803) PDF (953) Politics (307) Yangon (282) SagaingRegion (214) RakhineState (139) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In