• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
23 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ရှစ်လအတွင်း စက်သုံးဆီဈေး အနိမ့်ဆုံးသို့ ပြန်ရောက်၊ တစ်လီတာ အနည်းဆုံး ကျပ် ၂၀၀ မှ ၃၁၀ အထိ ထိုးကျ

Thar Nge Lay by Thar Nge Lay
Apr 19, 2025
in စီးပွားရေး
0
0
ရှစ်လအတွင်း စက်သုံးဆီဈေး အနိမ့်ဆုံးသို့ ပြန်ရောက်၊ တစ်လီတာ အနည်းဆုံး ကျပ် ၂၀၀ မှ ၃၁၀ အထိ ထိုးကျ

Photo-MPA (ပုံစာ- စက်သုံးဆီ တန်းစီနေသည့် မြင်ကွင်း)

Share on FacebookShare on Twitter

By Mg Dagon / MPA

ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းများ ရှစ်လအတွင်း အနိမ့်ဆုံးဈေးသို့ ပြန်လည်ရောက်ရှိသွားကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လလယ်ပိုင်းတွင် အောက်တိန်း 95 တစ်လီတာလျှင် ကျပ် ၃၀၀၀ အောက်ဈေးဖြစ်သည့် ၂၈၄၅ ကျပ်ကို နောက်ဆုံးဖြစ်ပေါ်ခဲ့သကဲ့သို့ ရှစ်လကျော်အကြာ ယမန်နေ့ ဧပြီ ၁၈ ရက်နေ့တွင် တစ်လီတာလျှင် ၂၈၀၀ ကျပ်သို့ ပထမဆုံးပြန်ရောက်ခဲ့သည်။

အလားတူ အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၂၉၅၀ ကျပ်ဈေးအဖြစ် လွန်ခဲ့သည့် ၈ လကျော်ကရောက်ရှိခဲ့ပြီးနောက် ယမန်နေ့ ဧပြီ ၁၈ ရက်တွင် တစ်လီတာ ၂၆၆၀ ကျပ်ဈေးသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိန်း ၉၂ ဈေးနှုန်းသည်လည်း သုံးပတ်အတွင်း တစ်လီတာ ကျပ် ၃၀၀၀ အောက်သို့ပြန်လည်ရောက်လာသကဲ့သို့ ဒီဇယ်ဈေးနှုန်းမှာလည်း ရှစ်လအတွင်း တစ်လီတာလျှင် ၂၅၀၀ ကျပ်ဈေးအောက်သို့ ရောက်ရှိလာခဲ့သည်ဟု ရန်ကုန်ရှိစက်သုံးဆီဈေးနှုန်း နေ့စဉ်ထုတ်ပြန်ထားချက်များအပေါ် MPA က ပြန်လည်တွက်ချက်မှုအရ သိရသည်။

“ဟုတ်တယ်။ ကျသွားလို့ ကားဆီတိုင်ကီအပြည့်လေး ပြေးထည့်ထားလိုက်တယ်။ ဘာလို့ကျလဲတော့ ဂဃနဏမသိသေးဘူး။ ကျဦးမှဘဲ၊ (အောက်တိန်း)92 ဈေး သုံးထောင်အောက်မကျတာ အတော်ကြာနေပြီ” ဟု ယာဉ်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီဗဟိုဘဏ်က ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က ၎င်းတို့ဖန်တီးထားသည့် အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)ကတစ်ဆင့် စက်သုံးဆီလုပ်ငန်းရှင်များထံသို့ အမေရိကန်ဒေါ်လာ ၅၅ သန်းရောင်းချပေးမည်ဟု ကြေညာထားသည်။

ထို့အပြင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများမှာလည်း ပြီးခဲ့သည့်မတ်လနောက်ဆုံးပတ်မှစတင်၍ တဖြည်းဖြည်းကျဆင်းလာပြီး ပြီးခဲ့သည့် မတ်လလယ်ခန့်က ကမ္ဘာသုံးရေနံစိမ်းအမျိုးအစားဖြစ်သည့် Brent Crude ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၅ အထိမြင့်တက်ခဲ့ရာမှ ယခုအခါ ၆၈ ဒေါ်လာနီးပါးအထိ တဖြည်းဖြည်းကျဆင်းလာခဲ့သည်ဟု ကမ္ဘာ့ရေနံစိမ်းဈေးကွက်အတွင်းမှ သိရသည်။

“အဲဒီအချက်တွေကြောင့်ပဲ ကျတာဖြစ်လိမ့်မယ်။ နောက်ပြီး အခုနောက်ပိုင်းရက်တွေမှာတော့ စက်သုံးဆီကောင်းကောင်းရနေတယ်။ ဘာမှတိုးစရာလည်း မလိုဘူး။ အကန့်အသတ်နဲ့လည်းမဟုတ်ဘူး” ဟု ရန်ကုန်မြို့က ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။

စက်သုံးဆီဈေးနှုန်းများသည် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလမတိုင်ခင်က မြင့်တက်ခဲ့ပြီးနောက် သင်္ကြန်အပြီး ယမန်နေ့ ဧပြီ ၁၈ ရက်နေ့တွင် ထိုးကျသွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

“ငလျင်ကရတဲ့ နိုင်ငံခြားငွေတွေကို စစ်ကောင်စီက ဒီဘက်မှာ ပြန်သုံးပေးတာလားတော့ မပြောတတ်ဘူး။ စစ်ကောင်စီက ဧပြီလအစတုန်းကလည်း စက်သုံးဆီလုပ်ငန်းရှင်တွေကို ဒေါ်လာထုတ်ရောင်းထားပေးသေးတယ်။ ဒီတစ်ခါ ထုတ်ရောင်းပေးတာကလည်း ပိုများတယ်။ ဆီတွေက ဆိပ်ကမ်းမှာရှိနေရင်တောင် ဒေါ်လာမရှိရင် ထုတ်လို့မရတာမျိုးဆိုတော့လေ” ဟု ထိုအကြောင်းသိရှိထားသည့် စက်သုံးဆီလုပ်ငန်းရှင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ လေးရက်နေ့က စစ်ကောင်စီဗဟိုဘဏ်မှ ၎င်းတို့၏ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)ကတစ်ဆင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဟု ကြေညာထားသည်။

အောက်တိန်း 92 နှင့် 95 တစ်လီတာလျှင် ၃၁၀ ကျပ်စီ၊ ဒီဇင်တစ်လီတာလျှင် ၂၀၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၂၄၀ ကျပ်သို့ တစ်ရက်အတွင်း ထိုးကျသွားခြင်းဖြစ်သည်ဟု ရန်ကုန်စက်သုံးဆီဆိုင်ကြီးများ၏ နေ့စဉ်ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။

ယနေ့ ဧပြီ ၁၉ ရက် ရန်ကုန်မြို့ရှိစက်သုံးဆီဆိုင်ကြီးများတွင် အောက်တိန်း 92 တစ်လီတာလျှင် ၂၇၄၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၂၈၀၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၉၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၂၉၆၀ ကျပ်ဈေးရှိကြောင်း သိရသည်။

Tags: စက်သုံးဆီဈေးနှုန်းပြန်လည်ရောက်ရှိအနိမ့်ဆုံးဈေး
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

စီးပွားရေး

စက်သုံးဆီဈေးနှုန်းအချို့ တစ်လီတာလျှင် ကျပ် ၂၀၀ ဝန်းကျင်အထိကျဆင်း

May 10, 2024
စက်သုံးဆီဈေးနှုန်းအချို့ တစ်လီတာလျှင် ကျပ် ၂၀၀ ဝန်းကျင်အထိကျဆင်း

စက်သုံးဆီရည်ညွှန်းဈေးနှုန်းအချို့သည် ယခုရက်သတ္တပတ်တွင် တစ်လီတာလျှင် ကျပ် ၂၀၀ ဝန်းကျင်အထိ ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ နေ့စဉ်ဈေးနှုန်း ထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်မြို့၏ စက်သုံးဆီရည်ညွှန်းလက်လီ‌ဈေးနှုန်းမှာ မေ ၁၀ ရက်တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ်...

Read more
by MPA CJ005
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In