By Ra Wai / MPA
ငလျင်လှုပ်ပြီး နှစ်ရက်အကြာတွင် ရန်ကုန်ဆောက်လုပ်ရေးဈေးကွက်၌ ဘိလပ်မြေဈေး ကျပ်သုံးသောင်းကျော်သွားပြီး ဝယ်မရတော့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် မတ်လ၂၈ ရက်က အယ်ဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ် ၁၈,၀၀၀ ရှိရာမှ မတ်၂၉ ရက်၌ ကျပ်၂၄,၀၀၀ ဖြစ်သွားကာ မတ် ၃၀ ရက်တွင် ကျပ် ၃၀,၀၀၀ ကျော်သွားကြောင်း ရန်ကုန်အခြေ စိုက် အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးထံက သိရသည်။
“ငလျင်ကြောင့် မန္တလေးဝန်းကျင်က ဘိလပ်မြေစက်ရုံတွေ အကုန်ထိတယ်လို့ ကြားတယ်။ပြီး တော့ အဆောက်အအုံတွေ ပြိုတာဆိုတော့ ဘိလပ်မြေ ဝယ်လိုအားများလာမယ်ဆိုတဲ့ အဲဒီနှစ်ချက်နဲ့ နင်း ကန်ခုန်တက်နေတာ”ဟု ၎င်းက ပြောသည်။
ကြံ့တံဆိပ်ဘိလပ်မြေမှာ အယ်ဖာအောက် ကျပ်၂၀၀၀ ခန့် ဈေးနည်းပြီး ဈေးကွက်၌ ယနေ့(ဧပြီတစ်ရက်အထိ) အယ်ဖာရော ကြံ့ ပါ ဝယ်မရတော့ကြောင်း သိရသည်။
“ဘိလပ်မြေရောင်းတဲ့ဆိုင် တော်တော်ရှားတယ်။ဖောက်သည်မို့ မျက်နှာနာလို့ ရောင်းပေးလည်း နှစ် အိတ်၊သုံးအိတ်ထက်မပိုဘူး။မြောက်ဒဂုံက ဆိုင်တစ်ဆိုင်ဆို ဘိလပ်မြေအပုံလိုက်ရှိတယ်။ဝယ်မလို့ မေးကြည့်တော့ ရောင်းထားပြီးသားလို့ ပြောတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ငလျင်ဒဏ်ကြောင့် ရန်ကုန်တွင် တစ်ရက်လျှင် လေးနာရီခန့်သာ ရေတင်နိုင်ရန်အတွက် အလှည့်ကျ လျှပ်စစ်မီးပေးနေသဖြင့် ဖယောင်းတိုင်ဈေးပင်လျှင် တစ်ထုပ် ကျပ် ၃၀၀၀ မှ ၄၀၀၀ ဖြစ်သွားသည်။