မကြာမီကျရောက်မည့် သီတင်းကျွတ်ကာလပိတ်ရက်များအတွင်း မြန်မာနိုင်ငံ၏ ကမ်းခြေများရှိ ဟိုတယ်/မိုတယ် များတွင် Bookingမှာယူထားမှုများ ပြည့်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ငွေဆောင်၊ချောင်းသာ၊ ငပလီကမ်းခြေများအပါ အဝင် ကမ်းခြေအများအပြားရှိ ဟိုတယ်/မိုတယ်များတွင် သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်နေ့မတိုင်မီရက်များတွင် အခန်းလွတ်မရှိတော့ကြောင်း သိရသည်။
” ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့အတွက်က အခန်းလွတ်မရှိတော့ဘူး။ ကျန်တဲ့ရက်တွေအတွက်ဆိုရင်တော့ ဒီကနေ့မှာမယ်ဆိုရင် ၂ ခန်းလောက်ကျန်ဦးမယ်။ နောက်ရက်ဆိုရင် မသေချာတော့ဘူး။” ဟု ချောင်းသာကမ်းခြေရှိ ဟိုတယ်တခုထံက သိရသည်။
ထို့ပြင် ဟိုတယ်ငှားရမ်းခအနေဖြင့် မိသားစုအ ခန်းတစ်ခန်း၏ငှားရမ်းခမှာ ကျပ်လေးသိန်းကျော်ထိ သတ်မှတ်ထားကြောင်း သိရသည်။
အလားတူ လာရောက်အပန်းဖြေသူများပြားသည့် အခြားကမ်းခြေများရှိ ဟိုတယ်များတွင်လည်း အဆိုပါပိတ်ရက်ကာလများအတွင်း Booking မှာယူထားမှုများပြားနေသဖြင့် အခန်း လွတ်မရှိသလောက်ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံအတွင်း ဟိုတယ်၊မိုတယ်၊ တည်းခို ခန်းလုပ်ငန်းများအား ပြီးခဲ့သည့် အရပ်သားအ စိုးရလက်ထပ် ကိုဗစ်ဒုတိယလှိုင်းကာလ ၂၀၂၀ ခုနှစ် သြဂုတ်လမှစတင်၍ ပိတ်သိမ်းရန်ညွှန်ကြားထားခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ကိုဗစ်စည်းကမ်းများနှင့်အညီပြန်လည်ဖွင့်လှစ်ခွင့်ပြု ခဲ့ပြီး ယခုသီတင်းကျွတ်ပိတ်ရက်ကာလများတွင် လာရောက်အပန်းဖြေသူများပြားနေကြောင်း သိရသည်။
Photo – ငွေဆောင်ကမ်းခြေချစ်သူများpage
[ English Version ]
Beach Hotels Full of Bookings in Thadingyut Holidays
By MPA
Beach hotels and motels of Myanmar have already been filled with bookings for Thadingyut holidays coming soon.
There have been no more free rooms left before and until the Thadingyut full moon day in many beach hotels and motels including Ngwesaung, Chaung Thar and Ngapali beaches.
“There’s no more free room left for the 19th and 20th. For the other dates, there are two left if the order would be done today. If it’s later, it’s not sure”, said one hotel in Chaung Thar beach.
Plus, the hotel rent fee is placed at over 400,000 Kyats for a family size room.
As hotels with large numbers of recreational visitors are filled with advanced bookings, there’s reportedly almost no more free room left.
Hotels, motels and guest houses across Myanmar were ordered to close down since the second wave of COVID in 2020 August, in the previous civilian government.
After the military coup, the SAC allowed them to open in accordance with COVID rules and there have been a large number of recreational visitors in these Thadingyut holidays.