By Ra Wai / MPA
သုံးလတာအတွင်း ကုန်သွယ်ရေးအခြေအနေမှာ အပေါင်းလက္ခဏာရှိခဲ့ကြောင်း မင်းအောင်လှိုင် ပြောကြားပြီး နောက်တစ်ရက်တွင် ရွှေဈေးမှာ ၆၅သိန်းကျော်သို့ စံချိန်တင်ထိုးတက်သွား ကြောင်း သိရသည်။
ဇူလိုင်၂၉ရက်၊စစ်ကောင်စီအစည်းအဝေးတွင် မင်းအောင်လှိုင်က ဧပြီ၊မေနှင့်ဇွန် သုံးလအတွင်း ပြည် တွင်း၊ပြည်ပကုန်သွယ်ရေးများကို ပင်လယ်ရေကြောင်းနှင့်နယ်စပ်ဒေသမှ ဆောင်ရွက်ခဲ့ရာ ကိန်းဂ ဏန်းများအရ အပေါင်းလက္ခဏာရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“မနေ့က အခေါက်ရွှေ ၆၃သိန်းကျော်။ဒီနေ့(ဇူလိုင်၃၀ရက်)ကတော့ ၆၅သိန်းကျော်သွားပြီ။ရွှေပြင်ပပေါက်ဈေးကို စစ် ကောင်စီက ရန်ရှာနေတာဆိုတော့ ဈေးက တစ်မျိုးတည်းတော့မရှိဘူး။တချို့က ၆၆သိန်းပတ်လည်။ တချို့က ၆၅သိန်းကျော်နဲ့ မှောင်ခိုအရောင်းအဝယ်လုပ်ကြတဲ့ပုံစံမျိုးပေါ့။ဆိုင်တွေမှာတော့ အရောင်း အဝယ်မရှိသလောက်ပဲ။ဒီနေ့ပေါက်ဈေးကို တစ်ခွန်းတည်းပြောဆိုရင်တော့ ၆၅သိန်းကျော်သွားပြီ ပေါ့” ဟု ရန်ကုန်မြို့တွင်းရှိ ရွှေပွဲစားတစ်ဦးက MPA သို့ပြောသည်။
အခေါက်ရွှေဈေး သိန်း၆၀နားကပ်ခဲ့သည့် မေလကုန်ပိုင်းတုန်းက ဈေးကစားသည်ဆိုသော စွပ်စွဲချက် ဖြင့် ရွှေလုပ်ငန်းရှင်နှင့် ပွဲစား ၂၁ဦးကို ဖမ်းဆီးကာ နောက်ထပ်၁၀ဦးအား ဖမ်းဝရမ်းထုတ်ခဲ့သော ကြောင့် ယခု၆၅သိန်းကျော်သို့ ရောက်သည့်အချိန်၌ ရန်ကုန်ရွှေဈေးကွက်မှာ တထိတ်ထိတ်ဖြစ်နေ ကြကြောင်း သိရသည်။
“ကိုယ့်ဘာသာ ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာတောင် ဘယ်တော့လာဖမ်းမလဲဆိုပြီး အ ခုဈေးခုန်တက်နေတော့ ကြောက်နေရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)၏ ယနေ့ညနေပိုင်း အခေါက်ရွှေ အပိတ်ဈေးမှာ ၄,၆၄၃,၄၆၄ကျပ် ရှိပြီး ယင်းသတ်မှတ်ဈေးဖြင့် မည်သူမျှ အရောင်းအဝယ်မလုပ်ကြပေ။
ယနေ့ အမေရိကန်တစ်ဒေါ်လာပေါက်ဈေးမှာ ကျပ်၅၃၀၀ကျော်မှ ၅၅၀၀အထိ ရှိပြီး ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်နေကြောင်း သိရသည်။