By MPA
Wave Money ငွေကြေးဝန်ဆောင်မှုလုပ်ငန်းသည် Telenor Myanmar နှင့် ချိတ်ဆက်ဆောင် ရွက်နေသည့် လုပ်ငန်းဖြစ်ပြီး နော်ဝေနိုင်ငံအခြေ စိုက် တယ်လီနော လုပ်ငန်းစုမှ တယ်လီနောမြန် မာအား M1 လုပ်ငန်းစုသို့ ဇူလိုင်လ ၈ ရက်နေ့တွင်လွှဲပြောင်းရောင်းချခြင်းသည် Wave Money ၏ ငွေကြေးဝန်ဆောင်မှုများအား ထိခိုက်မှုမရှိကြောင်း သဘောထား ထုတ်ပြန်သည်။
Wave Money အနေဖြင့် သန်းပေါင်းများစွာသော သုံးစွဲသူများအား မရှိမဖြစ်အရေးပါသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆက် လက်ဝန်ဆောင်မှုပေးသွားမည်ဟု ၄င်းတို့၏ ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။
Wave Money သည် Telenor Group ၏ အစု ရှယ်ယာဝင်လုပ်ငန်းစုတစ်ခုဖြစ်သော်လည်း Wa ve Money ၏ လုပ်ငန်းဆောင်တာများသည် သီး ခြားရပ်တည် လည်ပတ်လျက်ရှိပြီး တယ်လီနောမြန်မာအား လုပ်ငန်းပိုင်ရှင်အသစ်သို့ လွှဲပြောင်း ရောင်းချခြင်းသည် ၄င်းတို့၏ လုပ်ငန်းလည်ပတ်မှုအား ထိခိုက်မှုမရှိနိုင်ကြောင်း ရေးသားထား သည်။
စစ်အာဏာသိမ်းပြီးနောက် တယ်လီနော ဆက်သွယ်ရေး အော်ပရေတာမှ မြန်မာနိုင်ငံ၏ အခြေ အနေ ဆိုးရွားလာနိုင်သည်ဟုယူဆ၍ ရောင်းချရန်ဆုံးဖြတ်ခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့ မနေ့က လက်ဘနွန်အခြေစိုက် M1 Group လုပ်ငန်းစုသို့ အမေရိကန်ဒေါ်လာ ၁၀၅သန်းဖြင့် ရောင်းချခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် လက်ရှိအချိန်ထိ ဘဏ်စနစ်များကောင်းမွန်စွာ မလည်ပတ်နိုင်ခြင်းကြောင့် ငွေလွှဲ/ ငွေထုတ်ခြင်းအား Wave Money၊ KBZ Pay စသည့် မိုဘိုင်းငွေကြေးဝန် ဆောင်မှု လုပ်ငန်းများအပေါ် အဓိကထား အသုံး ပြုနေသော်လည်း ၄င်းတို့၏ Agentများမှ ထုတ် ယူသည့်ငွေပမာဏ၏ ၅% မှ ၁၀ % ထိ ကောက်ခံမှုများ ရှိနေသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
#WaveMoney #သဘောထားထုတ်ပြန် #Telenor #MPA
ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ဝင်လာနိုင်သည့် အမည်မပေးရသေးသော မုန်တိုင်းတစ်လုံး ရခိုင်ပြည်နယ် ကမ်းလွန်ပြင်တွင် အစပျိုးနေဟုဆို
လာမည့် ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ပင်လယ်ပြင် ဝင်ရောက်လာနိုင်သည့် အမည်မပေးရသေးသော မုန်းတိုင်းတစ်လုံးသည် အစပျိုးနေကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်ထံမှ သိရသည်။ “မုန်တိုင်းက အခုမှ စောင့်ကြည့်ရမဲ့ investigative system...