By 001 / MPA
မဲချောင်းရွာလမ်းကဖြတ်သည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း ၃စီးတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးကာ စစ်ကားတစ်စီးအသိမ်းခံခဲ့ရကြောင်း ထားဝယ်(ပကဖ)၏တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဧပြီလ၂၆ရက်၊ည ၇နာရီခန့်က ထားဝယ်မြို့ဘက်မှ ပကာရီဖက်သို့ ဦးတည်မောင်းနှင်လာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း ၃စီးကို သဗျာကျေးရွာအုပ်စု၊မဲချောင်းရွာလမ်းအရောက်တွင် ထားဝယ်-(ပကဖ)နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်-(ပကဖ)၏တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ တိုက်ပွဲဟာ ၁နာရီနီးပါးကြာမြင့်ခဲ့ပြီး KNDO၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(T1ဇို)၊ထားဝယ်ခရိုင်-(ပကဖ)၊သရက်ချောင်းမြို့နယ်(ပကဖ)၊ဒေသခံပြောက်ကြားတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထားဝယ်(ပကဖ) ၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“၂၆ရက်နေ့တိုက်ပွဲပေါ့။နေရာဒေသက မဲချောင်းရွာမှာ။ဒီဘက်ကတားတာကို သူတို့ဘက်ကစပစ်လို့ ဆော်ကြတာ။သူတို့အကုန်ပြေးကြရတယ်။သူတို့ဘက်က ကားတွေပျက်စီးပြီး နှစ်ဦးသေတယ်”ဟု ထားဝယ်(ပကဖ)၏တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အဆိုပါယာဉ်တန်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးပွဲချင်းပြီးသေဆုံးကာ ၇ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်တန်းသုံးစီးအနက် ၂စီးလုံးဝပျက်ဆီးပြီး တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့မှ သိမ်းဆည်းရမိခဲ့ကြောင်း ပြောသည်။
“တိုက်ပွဲမှာပါတဲ့ မဟာမိတ်တပ်ပေါင်းစုအပိုင်အဖြစ်သိမ်းလိုက်တာပေါ့။သေနတ်အချို့လဲရလိုက်ပါတယ်။တိုက်ပွဲဒီရက်ပိုင်းအတွင်းဖြစ်လာနိုင်တာမို့ ပြင်ဆင်နေပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ခိုက်ခံရမှုအပေါ်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် ထားဝယ်မြို့၊သဗျာကျေးရွာအုပ်စု၊မဲချောင်းရွာလမ်းအပါအဝင် အရှေ့တောဒေသအတွင်း နေထိုင်သည့် မိဘပြည်သူများကို ဆေးဝါးနှင့်စားနပ်ရိက္ခာများကြိုတင်ပြင်ဆင်ထားသင့်ကြောင်း သက်ဆိုင်ရာနယ်ပယ်ရှိ ပကဖများမှ အသိပေးနှိုးဆော်ထားကြောင်းစုံစမ်းသိရသည်။
#တိုက်ပွဲ #PDF #KNDO #ထားဝယ် #MPA #Myanmar
မြိုင်သို့ ရောက်လာသော ရိက္ခာပို့စစ်ကြောင်းကြောင့် ပြည်သူ တစ်သောင်းကျော် အရေးပေါ် စစ်ရှောင်နေရ
By Nway / MPA မကွေးတိုင်း၊ မြိုင်မြို့နယ်သို့ရောက်ရှိလာသော စစ်ကောင်စီရိက္ခာပို့စစ်ကြောင်းကြောင့် ပြည်သူ တသောင်းကျော် အရေးပေါ်စစ်ရှောင်နေရကြောင်း သိရသည်။ ဇန်နဝါရီလဆန်းပိုင်းကစတင်၍ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ မြိုင်မြို့နယ်သို့ ထွက်လာသော ရိက္ခာပို့ စစ်ကြောင်းကြောင့်...