• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
13 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ကျောက်ထုတွင် စစ်တပ် လေကြောင်းတိုက်ခိုက်သဖြင့် ရွာ ၁၀ ရွာမှ ပြည်သူများ တိမ်းရှောင်နေရ

Thar Nge Lay by Thar Nge Lay
May 10, 2025
in စစ်ရေး
0
0
ကျောက်ထုတွင် စစ်တပ် လေကြောင်းတိုက်ခိုက်သဖြင့် ရွာ ၁၀ ရွာမှ ပြည်သူများ တိမ်းရှောင်နေရ

ဓာတ်ပုံ - ယောအလင်းတန်း ပုံစာ - မေလတစ်ရက်က ကျောက်ထုနယ်အတွင်းစစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့စဉ်။

Share on FacebookShare on Twitter

By Hsu Yee / MPA

မကွေးတိုင်း ၊ ဆောမြို့နယ်၊ ကျောက်ထုမြို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၀ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မေလကိုးရက်၊ ညနေခြောက်နာရီကျော်တွင် စစ်တပ်က ကျောက်ထု လေယာဉ်ကွင်း၏ တောင်ဘက် ရှိ ရွာများပေါ်သို့ Y-12 လေယာဉ်ပေါ်မှ လေးကြိမ်ဗုံးကြဲချခဲ့ရာ ကျေးရွာ၁၀ရွာမှ ပြည်သူ ၄၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးကြရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ယောအလင်းတန်းထံမှသိရသည်။

“ ဘယ်ကျေးရွာဆိုတာထက် ကျောက်ထုလေယာဉ်ကွင်းရဲ့အစပ် တောင်ဘက်နဲ့မြောက်ဘက်တွေကို ပစ်ခတ်တယ်လို့တော့သိရပါတယ်။ကျောက်ထု အမြောက်တပ်နဲ့အနီးဆုံးရွာတွေပါဗျ” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက MPA သို့ပြောသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ပေါက်၊ချောင်းကူး၊ယောမြို့၊ရင့်ရဲ၊ကံကြီး၊ကြန်တော၊ ပြင်လယ်၊တောင့်ထက်၊ရေရှင်နှင့်ပေါက်ခေါင်းကျေးရွာတို့မှ ပြည်သူများ တိမ်းရှောင်နေရပြီး အများစုမှာ ဆောမြို့ပေါ်သို့ သွားရောက်စစ်ရှောင်ကြကြောင်း သိရသည်။

ကျောက်ထုနယ်အတွင်း ဖုန်းလိုင်းပြတ်တောက်မှု‌များနှင့် ဆက်သွယ်ရေးအခက်အခဲများကြောင့် လူနှင့်နေအိမ် ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

“ တချို့ရွာတွေဆို စစ်ရှောင်နေကြတာကြာပါပြီ။ကျောက်ထုတပ်(အမြောက်တပ် အမတ -၃၆၈)အနီးအနားကျေးရွာက ပြည်သူတွေကတော့ အရင်ကတည်းက စစ်ရှောင်နေကြတာပါ” ဟု ၎င်းကဆက်လက်ပြောသည်။

မေလ တစ်ရက် နှင့်ခြောက်ရက်တို့တွင်လည်း စစ်ကောင်စီတပ်က ကျောက်ထုနယ်အတွင်း ညအချိန်များ၌ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။

ပြီးခဲ့သည့် ဧပြီမှစတင်ကာ မေလကိုးရက်ညနေပိုင်းအထိ စစ်ကောင်စီတပ်က ကျောက်ထုနယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

စစ်ကောင်စီက မေလ ခြောက်ရက်မှ ၃၁ရက်အထိ တတိယအကြိမ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုတို့ လုပ်ဆောင်နေခြင်းဖြစ်သည်။

Tags: ကျောက်ထုမြို့
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

No Content Available
Load More

ရွေးချယ်ရန် Topics

MPA (10850) Myanmar (9776) News (9157) military (7093) SAC (6803) PDF (953) Politics (307) Yangon (282) SagaingRegion (214) RakhineState (139) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In