By Ko Paing/MPA
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) လေးနှစ်သက်တမ်းအတွင်း စစ်မှန်သည့် တော်လှန်ရေးရဲ ဘော်အများအပြားနှင့် တပ်မှူးကောင်းများ ထွက်ပေါ်လာကြောင်း NUGအစိုးရ၊သယံဇာတနှင့်သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ပြောသည်။
ထို့အပြင် လေးနှစ်တာအတွင်း ရေပေါ်ဆီများကိုလည်း စစ်ထုတ်နိုင်ခဲ့ပြီဟုလည်း ပြောသည်။
“မြန်မာ့တော်လှန်ရေးသမိုင်းတစ်လျှောက်မှာ လေးနှစ်လောက်နဲ့ မြို့တခု သိမ်းနိုင်တာမရှိဖူးပေမဲ့ ငါတို့ခေတ် မြို့များစွာ သိမ်းထားနိုင်တယ်။ တပ်မတခုလုံးပြုတ်အောင်လည်း တိုက်နိုင်ခဲ့တယ်”ဟု ၎င်းက ပြောသည်။
လေးနှစ်သက်တမ်းအတွင်း သက်တမ်းနှင့်မမျှဘဲ ရင့်ကျက်နေသည့် PDFတပ်မတော်ကို မြင်တွေ့နေရ ကြောင်းလည်း မဲဆောက်အခြေစိုက် CDMအရာရှိတစ်ဦးက မှတ်ချက်ပြုသည်။
“လေးနှစ်အတွင်း သိသာထင်ရှားတဲ့ မျက်မြင်တွေ့ရှိချက်က PDFတပ်အများစုကို ကျင့်ဝတ်စည်းကမ်း လိုက်နာပြီး အမိန့်နာခံမှုရှိတဲ့တပ်တွေအဖြစ် တည်ဆောက်ခဲ့နိုင်ခဲ့ခြင်းပဲ”ဟု ၎င်းက MPAသို့ပြော သည်။
သို့သော်၊နွေဦးတော်လှန်ရေးအတွက် အန္တရာယ်ရှိသော ပသုံးလုံးပြဿနာများကိုလည်း အမှန်အကန် ရှင်းထုတ်ရန်လည်းလိုကြောင်း ၎င်းက ဆိုသည်။
လေးနှစ်သက်တမ်းသည် နှစ် ဆယ်ချီ ခိုင်ခန့်နေသော အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ရန် အင်မတန် နုနယ်သေးသော်လည်း အတိုင်းအတာတစ်ခုထိ လုပ်နိုင်ခဲ့ပြီဖြစ်ပြီး အစိုးရ နှင့် တပ်မတော် အင်္ဂါစုံ ပေါင်းစပ်နိုင်ပြီ ဖြစ်ကြောင်း ဒေါက်တာတူးခေါင်က ပြောသည်။
အစိုးရတစ်ရပ်လည်ပတ်ငွေအတွက် ဘဏ်စနစ် ထူထောင်နိုင်ပြီဖြစ်သလို ရန်ပုံငွေရှာဖွေရေးစနစ်လည်း ထူထောင်နိုင်ပြီဖြစ်ကြောင်း၎င်းက ဆက်လက်ပြောသည်။
မေလငါးရက်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လေးနှစ်ပြည့်မွေးနေ့ဖြစ်သည်။
စာတည်း-ML