By Ra Wai / MPA
ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် တော်လှန်ရေးအောင်လံလွှင့်ထူရန် နောက်ဆုံးအဆင့်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားသော နေရာအများစုကို ကေအိုင်အေနှင့်မဟာ မိတ်တို့က သိမ်းပိုက်ထားပြီဖြစ်ပြီး အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) မှာလည်း တော်လှန်ရေးတပ်တို့၏ ထိုးစစ်အောက်တွင် ပြိုဆင်းနေပြီဖြစ်ကြောင်း ဗန်းမော်စစ်ရေးသတင်းရင်း မြစ်ထံမှ သိရသည်။
“အခြေအနေက မနေ့ (မေနှစ်ရက်) ကစပြီး စိတ်ကြိုက်ထိုးစစ်ဆင်နေပြီလို့ သိရတယ်။ စခ ဘက်က လုပ်စရာဆိုလို့ လေကြောင်းပဲရှိတယ်။ ကျန်တာ တောက်လျှောက်ပြိုနေပြီဆိုတော့ ပွဲပြီးဖို့ရာ ရက်ပိုင်းအလိုလို့ ပြောရမလားပဲ” ဟု ၎င်းက MPA သို့ပြောသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲသတင်းများကို စဉ်ဆက်မပြတ်ဖော်ပြနေသော Banmaw Scout Team က မေလနှစ်ရက်တွင် “ဗန်းမော် ပန်းတိုင်နီးပြီ” ဟု ရေးသားထားသည်။
မကြာမီအောင်ပန်းဆင်တော့မည့် ဗန်းမော်တိုက်ပွဲရောက်နေသည့် AA တပ်သားများကို ဗိုလ်ချုပ်ထွန်း မြင့်နိုင်က ဗီဒီယိုကောခေါ်ကာ အားပေးစကားပြောကြားခဲ့ကြောင်း Kachin Offcial Page က ယနေ့ (မေ သုံးရက်) ဖော်ပြသည်။
ဗန်းမော်မြို့ နေရာအများစုကို ကေအိုင်အေနှင့်မဟာမိတ်တို့က ထိန်းချုပ်ထားပြီဖြစ်ကြောင်း မေလနှစ်ရက်တွင် Kachin Offcial Page က ဖော်ပြထားသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလေးရက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး KIA၊ AA၊ ABSDF၊ KPDF နှင့် ဗန်းမော် မြို့ခံ UGအဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။