• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
17 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် အချိန်မှ တစ်လအတွင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်

Thar Nge Lay by Thar Nge Lay
Apr 28, 2025
in စစ်ရေး
0
0
ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် အချိန်မှ တစ်လအတွင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်

Photo-ပေးပို့ (ပုံစာ- မြောက်ဦးမြို့ရှိ ထုက္ကံသိမ်ပုထိုးတော်ကြီးအား တွေ့ရစဥ် )

Share on FacebookShare on Twitter

By Hlaing / MPA

အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည့် မတ် ၂၈ရက်မှ တစ်လပြည့် ဧပြီ ၂၈ရက်အထိ စစ်ကောင်စီက တစ်လအတွင်း ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း MPA ကပြုစုထားသည့် စာရင်းများအရ သိရသည်။

စစ်ကောင်စီက ငလျင်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ဟုဆိုကာ ဧပြီ နှစ်ရက်မှ ၂၂ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သည့်အပြင် ဧပြီ ၂၃ရက်မှ ဧပြီ ၃၀အထိ ထပ်မံ သက်တမ်းတိုးသည်ဟု ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်နယ်တွင် နေ့စဥ်နှင့်အမျှ တိုက်ပွဲများဖြစ်ပွားနေပြီး၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်တော်၊ မြောက်ဦး၊ တောင်ကုတ်နှင့် ပေါက်တောမြို့နယ်တို့တွင်လည်း ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်၊ ည ၇ နာရီဝန်းကျင်၌ စစ်ကောင်စီက ကျောက်ဖြူမြို့နယ်ရှိ ကုလာဘကျေးရွာကို ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်နှင့် ဆိုင်ခန်းတချို့ ပျက်စီးခဲ့ပြီး၊ မတ် ၃၁ ရက်၊ ည ၈ နာရီဝန်းကျင်၌လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြောက်ဦးမြို့ပေါ်ရှိ လေးနေရာထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အလယ်စျေးရပ်ကွက်မှ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့သည်။

“ မြောက်ဦးမှာ လေယာဥ်ကတော့ ညတိုင်းလိုလိုကို ဝဲတယ်။ တခြားနေရာတွေလည်း ကြဲချသွားတာမျိုးလည်း ရှိတယ်။ အတက်နေ့ကဆို ဂျက်ဖိုက်တာတောင်လာတယ်။ သတိနဲ့ နေနေရတာပေါ့” ဟု မြောက်ဦးမြို့နယ်အတွင်း နေထိုင်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

ထို့ပြင် ဧပြီ နှစ်ရက်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်စခန်း၊ ဒိုးတန်းတောင် အမှတ် ၃၂ ရဲတပ်ရင်းတို့ရှိ စစ်ကောင်စီတပ်သည် သပြုတောင်၊ ပြားတဲနှင့် ပြင်ရှည်ကျေးရွာအနီးဝန်းကျင်သို့ Drop Bomb အရေအတွက် ၉၀ ကြိမ်ခန့်နှင့် လက်နက်ကြီးပစ်ခတ်မှု ၆၀ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည့်အပြင် ဧပြီ သုံးရက်နေ့မှ ငါးရက်နေ့အထိ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဧပြီ ငါးရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီက တောင်ကုတ်မြို့နယ်ရှိ စလူးကျေးရွာကို ဂျက်ဖိုက်တာအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး၊ ဧပြီ ၁၁ ရက်တွင်လည်း ပေါက်တောမြို့နယ်ရှိ အနောက်ရဲကျေးရွာကိုလည်း ဂျက်ဖိုက်တာအသုံးပြု၍ ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဆက်လက်ပြီး ဧပြီ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့၊ နံနက် ကိုးနာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်တော်မြို့ပေါ်ရှိ ပြည်တော်သာရပ်ကွက်၊ ရွှေကျောင်းအနောက်ဘက် အနီးဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဧပြီ ၁၉ ရက်၊ နံနက် နှစ်နာရီ ၃၀ မိနစ်အချိန်တွင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ကျောက်တော်မြို့ပေါ်ရှိ သမဝါယမ၊ ပြည်တော်သာ ကတ ၆ လမ်း၊ ကတ ၇ လမ်း၊ ကတ ၈ လမ်း၊ မြို့သစ်ရပ်ကွက်၊ ရှမ်းရွာရပ်ကွက်တို့ကို ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးအလုံးရေ ၁၀ လုံးကျော်ခန့် ကြဲချခဲ့ရာ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ၊ လူဦးရေ ၂၀ ဝန်းခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

“ ည နှစ်နာရီခွဲနဲ့ သုံးနာရီကြားထဲမှာ လူနေရပ်ကွက်တွေထဲကို ဗုံးကြဲသွားတာ၊ အိမ်တွေ တော်တော်များများ ပျက်စီးတယ်။ ညအိပ်ကောင်းချိန်ကြီး ဗုံးကြဲတာ ဆယ်လုံးကျော်တယ်” ဟု မြေပြင်အခြေအနေကိုသိရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။

ဧပြီ ၂၄ ရက်၊ မွန်းလွဲ သုံးနာရီခန့်တွင်လည်း စစ်ကောင်စီက နှစ်ဖက်တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ်ရှိ ရေနံတောင်ကျေးရွာကို အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ ဧပြီ ၂၅ ရက်တွင်လည်း လိပ်ခမော်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သုံးဦး သေဆုံးခဲ့ရသည်။

“ ကျောက်ဖြူမှာက တိုက်ပွဲတွေလည်း ဖြစ်နေတော့ အမေတို့ကို ခေါ်ပြီး ရန်ကုန်ကို ပြောင်းလာလိုက်တာ။ အသက်ကြီးတဲ့သူတွေဆိုတော့ ရန်ကုန်မှာ မနေချင်လည်း နေနေရတာပေါ့” ဟု ရန်ကုန်မြို့သို့ ပြောင်းရွေ့နေထိုင်နေသည့် ကျောက်ဖြူဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်ငလျင်ကြောင့် ဧပြီ တစ်လတာအတွင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဟု ထုတ်ပြန်ထားသော်လည်း ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေးနှင့် ရခိုင်ပြည်နယ်တို့ရှိ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လက်နက်ကြီး၊ စက်တပ်လေထီး(Paramotor)၊ ဒရုန်းနှင့် လေယာဥ်များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိနေသည်။

Tags: ရခိုင်ပြည်နယ်လေကြောင်းတိုက်ခိုက်အင်အားပြင်းငလျင်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

နိုင်ငံရေး

ရခိုင်တွင် ရိုဟင်ဂျာများအတွက် လွတ်လပ်သော ပြည်နယ်တစ်ခု ထူထောင်ပေးရန် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ပါတီက တရုတ်ကို အဆိုပြု

Apr 28, 2025
ရခိုင်တွင် ရိုဟင်ဂျာများအတွက် လွတ်လပ်သော ပြည်နယ်တစ်ခု ထူထောင်ပေးရန် ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ပါတီက တရုတ်ကို အဆိုပြု

The Business Standard ရိုဟင်ဂျာအများစုနေထိုင်သည့် ရခိုင်ပြည်နယ်တွင် လွတ်လပ်သော ပြည်နယ်တစ်ခု တည်ထောင်ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး အစ္စလာမ်မစ် နိုင်ငံရေး ပါတီကြီးတစ်ခုဖြစ်သော ဂျာမတ်-အီ-အစ္စလာမီ (Jamaat-e-Islami) အဖွဲ့က တရုတ်ကွန်မြူနစ်ပါတီ (CCP) မှ ဧပြီ...

Read more
by Thar Nge Lay
0 Comments
ငလျင်ဘေး

ငလျင်အတွက် ရထားသည့် အလှူငွေများကို စတင်အသုံးပြုနေပြီဟု ဒုစစ်ခေါင်းဆောင် ပြော

Apr 26, 2025
ငလျင်အတွက် ရထားသည့် အလှူငွေများကို စတင်အသုံးပြုနေပြီဟု ဒုစစ်ခေါင်းဆောင် ပြော

26 Apr 2025 By Maung Dagon / MPA မတ်လ ၂၈ ရက် အင်အားပြင်းငလျင်အတွက် ဧပြီလ ၂၄ ရက်နေ့အထိ ပြည်တွင်း/ပြည်ပအလှူငွေ စုစုပေါင်း ကျပ် ၁၁၅,၈၇၆ ဘီလျံ၊...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ဖြူးတွင် စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သက်ကြီးအမျိုးသားတစ်ဦး သေဆုံး

Apr 25, 2025
ဖြူးတွင် စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သက်ကြီးအမျိုးသားတစ်ဦး သေဆုံး

By Hsu Yee / MPA ပဲခူးတိုင်း ၊ ဖြူးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဧပြီ ၂၄...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

မော်ချီးရှိ ခဲခါစက်ရုံကို စစ်ကောင်စီ ဗုံးကြဲ၊ လသားအရွယ် ကလေးအပါအဝင် ၁၀ ဦးခန့် သေဆုံး

Apr 24, 2025
မော်ချီးရှိ ခဲခါစက်ရုံကို စစ်ကောင်စီ ဗုံးကြဲ၊ လသားအရွယ် ကလေးအပါအဝင် ၁၀ ဦးခန့် သေဆုံး

By Bala / MPA ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲခါစက်ရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာ အသုံးပြုပြီး ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲချခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယနေ့(ဧပြီ ၂၄ ရက်)၊ မွန်းလွဲ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

မင်းလှ၊ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်

Apr 23, 2025
မင်းလှ၊ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်

By Ko Paing / MPA ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဧပြီ ၂၂ ရက်၊ မွန်းလွဲ နှစ်နာရီကျော်တွင် ပြည်မြို့ဘက်မှလာသည့် Mi...

Read more
by Thar Nge Lay
0 Comments
နိုင်ငံတကာ

ငလျင်ကြောင့် ဘန်ကောက်စာရင်းရုံး ပြိုကျမှုတွင် မြန်မာ ၁၀ ဦးပါဝင်

Apr 18, 2025
ငလျင်ကြောင့် ဘန်ကောက်စာရင်းရုံး ပြိုကျမှုတွင် မြန်မာ ၁၀ ဦးပါဝင်

The Nation မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ဘန်ကောက်မြို့ရှိ နိုင်ငံတော် စာရင်းစစ်ရုံး (SAO) အဆောက်အအုံ ပြိုကျမှုတွင် သေဆုံးသူ ၃၃ ဦး၏ အမည်များကို အတည်ပြုနိုင်ခဲ့ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏...

Read more
by Thar Nge Lay
0 Comments
ငလျင်ဘေး

ငလျင်ကြောင့် ဧရာ၀တီမြစ်ကမ်းပါးများ ပြိုကျနိုင်သည့် အခြေအနေဖြစ်ပေါ်နေ

Apr 11, 2025
ငလျင်ကြောင့် ဧရာ၀တီမြစ်ကမ်းပါးများ ပြိုကျနိုင်သည့် အခြေအနေဖြစ်ပေါ်နေ

By Zwe Ko / MPA ပြီးခဲ့သည့် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ဧရာ၀တီမြစ်ကမ်းပါးများ ပြိုကျနိုင်သည့် အခြေအနေဖြစ်ပေးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ငလျင်ကြောင့် သာသနိကအဆောက်အအုံများ၊ လူနေအိမ်အများအပြား...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စစ်ကောင်စီက တစ်ရက်အတွင်း ဝန်းသိုမြို့နယ်ကို လေကြောင်းနှစ်ကြိမ်တိုက်ခိုက် သေဆုံးသူ တစ်ရာနီးပါးရှိဟုဆို

Apr 9, 2025
စစ်ကောင်စီက တစ်ရက်အတွင်း ဝန်းသိုမြို့နယ်ကို လေကြောင်းနှစ်ကြိမ်တိုက်ခိုက် သေဆုံးသူ တစ်ရာနီးပါးရှိဟုဆို

By Mandy / MPA စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို စစ်ကောင်စီက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့မှုကြောင့် ပြည်သူ တစ်ရာခန့်သေဆုံးနိုင်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။ ယနေ့(ဧပြီ ကိုးရက်)၊ မွန်းလွဲ နှစ်နာရီ မိနစ်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ငလျင်ဘေး‌သင့်နေချိန် ချောင်းဦးတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြန်

Apr 1, 2025
မုံရွာတွင် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်နှင့် စက်တပ်လေထီးဗုံးကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံး

By Ra Wai / MPA ဖျက်အားပြင်းငလျင်ကြောင့် မြန်မာပြည်သူများစွာ အရေးပေါ်အကူအညီ လိုအပ်နေချိန်တွင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။ မတ်လ ၃၁ ရက်၊ ညကိုးနာရီခွဲဝန်းကျင်တွင် ချောင်းဦးမြို့နယ် အရှေ့ခြမ်းနှင့်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ဂန့်ဂေါနယ် နှမ်းခါးကျေးရွာရှိ ဆေးခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ၁၁ ဦးသေဆုံး

Mar 22, 2025
ဂန့်ဂေါနယ် နှမ်းခါးကျေးရွာရှိ ဆေးခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ၁၁ ဦးသေဆုံး

By Hlaing / MPA မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ နှမ်းခါးကျေးရွာရှိ ဆေးခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဆရာဝန်မိသားစုအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In