• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
14 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်တွင် စစ်ရေးပြင်းထန်နေပြီး မြစ်ကြီးနားမြို့သို့ တိုက်ပွဲကူးစက်လာမည်ကို ဒေသခံများစိုးရိမ်နေ

Thar Nge Lay by Thar Nge Lay
Apr 26, 2025
in စစ်ရေး
0
0
ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်တွင် စစ်ရေးပြင်းထန်နေပြီး မြစ်ကြီးနားမြို့သို့ တိုက်ပွဲကူးစက်လာမည်ကို ဒေသခံများစိုးရိမ်နေ

Photo- Nam Ya Buga Hkalup Hpung (ပုံစာ- တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် နန့်ယားကျေးရွာမှပြည်သူအချို့)

Share on FacebookShare on Twitter

By Hlaing / MPA

ကချင်ပြည်နယ်ရှိ ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်မြို့နယ်တို့တွင် စစ်ရေးပြင်းထန်နေပြီး မြစ်ကြီးနားမြို့သို့ တိုက်ပွဲများကူးစက်လာမည်ကို ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် စစ်ကောင်စီက ဧပြီ နှစ်ရက်မှ ၂၂ရက်နေ့ထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသည်ဟု ထုတ်ပြန်ထားပြီး ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း(KIO) ကလည်း ဧပြီ နှစ်ရက်မှ ၂၂ရက်နေ့ထိ ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းမည်ဟု တစ်ရက်အတွင်း ပြိုင်တူထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ကိုင်းငလျင်ကြောင့် ထိုးစစ်ရပ်နားထားသည့်ကာလကုန်ဆုံးပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက်၊ နံနက် ၄ နာရီဝန်းကျင်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က ဗန်းမော်မြို့၌ ကျန်ရှိနေသည့် စစ်ကောင်စီလက်ကျန် တပ်ရင်း၊ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး၊ စစ်ကောင်စီကလည်း လေကြောင်းအသုံးပြု၍ ခုခံကာကွယ်လျက်ရှိနေသည်။

“ ဗန်းမော်မှာ အဓိက ကျန်နေတာက စကခ ၂၁၊ ခလရ ၄၇ တပ်ရင်းကျန်နေသေးတယ်။ တိုက်ပွဲပြန်စကတည်းက စစ်ကောင်စီဘက်ကလည်း လေယာဥ်တွေနဲ့ ကြဲတာ၊ တစ်နေကုန်လေကြောင်းတိုက်ခိုက်မှုက အကြိမ် ၂၀ နီးပါးရှိတယ်” ဟု အသက် ၃၀ နှစ်အရွယ် ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

ဗန်းမော်မြို့တွင် အထိနာနေသည့် စစ်ကောင်စီတပ်က ၄င်းတို့၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် လှုံ့ဆော်လျက်ရှိနေသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)နှင့် ဝိုင်းမော်မြို့နယ်ရှိ ခလရ ၅၈ တပ်ရင်းတို့မှ ဝိုင်းမော်မြို့နယ်ရှိ လမြန်၊ ဝါရှောင်၊ နောင်စီပေါနှင့် စန်းကားကျေးရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ယင်းအပြင် စစ်ကောင်စီက ကာမိုင်းမြို့ဘက်မှ စစ်ကြောင်းတစ်ကြောင်း နှင့် အင်းတော်ကြီးမြို့နယ်ဘက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်အား ၁၀၀၀ ခန့်ဖြင့် ဖားကန့်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလှုပ်ရှားနေသည့်အတွက်၊ အဆိုပါလမ်းပိုင်းတွင်လည်း စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် မြစ်ကြီးနား – ဖားကန့်လမ်းပိုင်းရှိ နန့်တိန်၊ နန့်ယား၊ ဆိုင်းဖရာ၊ ကပ်မှော်၊ ခွန်ဇိုင်းဇွပ်၊ တံတားညီနောင်နှင့် ပျားအုံကျေးရွာတို့မှ ဒေသခံပြည်သူများမှာ ဖားကန့်မြို့နယ်ဘက်သို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“ မြစ်ကြီးနား – ဖားကန့်လမ်းကြောကနေ စစ်ကြောင်းထိုးနေတာကြောင့်မို့လို့ လမ်းပေါ်ကရွာတွေကလည်း ကြိုတင်စစ်ရှောင်နေကြတယ်။ ကားမိုင်းဘက်က ရွာတွေ စစ်ရှောင်နေရတယ်။ ဖားကန့်မှာကတော့ အဆင်ပြေသေးတယ်” ဟု အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ မြစ်ကြီးနား – ဖားကန့်လမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေသည့်အပြင် မြစ်ကြီးနားမြို့ပေါ် တပ်စခန်းများက အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ခပ်စိပ်စိပ် ရှိလာခြင်းကြောင့် မြို့တွင်း တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေခြင်းဖြစ်သည်။

ယမန်နေ့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၅ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်၌ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ မလိခဝန်ထမ်းအိမ်ရာလိုင်းခန်း အနီးဝန်းကျင်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ လက်နက်ကြီးကျပြီး ရဲတွေလာကြည့်တယ်တဲ့။ မြို့ထဲကလူတွေပြောနေကြတာတော့ စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးလို့ ပြောနေကြတယ်။ လက်နက်ကြီးကျတာက လမ်းမပေါ်ကို ကျတာ။ သေသွားတဲ့ကောင်လေးက ကျည်အစ စင်တာ? မြစ်ကြီးနားက ဖားကန့်၊ ဝိုင်းမော်နဲ့က နီးနီးကပ်ကပ်လေ၊ မြစ်ကြီးနားမှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြတယ်” ဟု မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေစဥ်အတွင်း စစ်ကောင်စီ၊ SNAနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်နှင့် တနိုင်းမြို့နယ်တို့တွင် စစ်ရေးပြင်ဆင်မှုများ၊ စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိနေသည်။

၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ KIA က ကချင်ပြည်နယ်အတွင်း၌ စစ်ဆင်ရေးအရှိန်မြှင့်တင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်စခန်း ၃၀၀ ကျော်၊ ဇခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်အထူးဒေသ ၁ အပါအဝင် လွယ်ဂျယ်၊ မိုးမောက်၊ မံစီ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆော့လော်၊ ချီဖွေ၊ ကန်ပိုက်တည်၊ ဆဒုံး၊ မြို့လှ၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲနှင့် ရှမ်းပြည် နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

Tags: ကချင်ပြည်နယ်စစ်ရေးပြင်းထန်နေဒေသခံများစိုးရိမ်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

နိုင်ငံရေး

ကချင်ပြည်နယ်တွင် CDM များအပါအဝင် အရပ်သားများကို KIA က လူသစ်စုဆောင်းနေ ဟုဆို

Mar 19, 2025
ကချင်ပြည်နယ်တွင် CDM များအပါအဝင် အရပ်သားများကို KIA က လူသစ်စုဆောင်းနေ ဟုဆို

By Hlaing / MPA ကချင်ပြည်နယ်တွင် CDM များအပါအဝင် အရပ်သားများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က လူသစ်စုဆောင်းနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ထိုကဲ့သို့ KIA က လူသစ်စုဆောင်းရာ၌ လူမျိုးခွဲခြားထားခြင်းမရှိဘဲ...

Read more
by Thar Nge Lay
0 Comments
Fact Check

KIA သိမ်းပိုက်ထားသော မိုးမောက် ခမရ ၄၃၇ တပ်ကို စစ်ကောင်စီတပ် ပြန်လည်သိမ်းယူ ဟုဆိုသည့် သတင်းအမှား

Sep 2, 2024
KIA သိမ်းပိုက်ထားသော မိုးမောက် ခမရ ၄၃၇ တပ်ကို စစ်ကောင်စီတပ် ပြန်လည်သိမ်းယူ ဟုဆိုသည့် သတင်းအမှား

By Haythar/MPA KIA သိမ်းပိုက်ရရှိထားသည့် ကချင်ပြည်နယ် မိုးမောက် ခမရ ၄၃၇ တပ်ကို စစ်ကောင်စီတပ်က ပြန်လည် တိုက်ခိုက်သိမ်းယူနိုင်ဟု ဆိုသည့်သတင်းအမှားများ သြဂုတ် ၃၀ ရက်၌ စစ်ကောင်စီတပ် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။...

Read more
by Thar Nge Lay
0 Comments
မှုခင်း

ဗန်းမော်မြို့ NLD လွှတ်တော်အမတ်နေအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

Jan 24, 2024
ဗန်းမော်မြို့ NLD လွှတ်တော်အမတ်နေအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်၊ ရွှေကျီးနားဘုရားလမ်းရှိ NLD လွတ်တော်အမတ် ဦးဇော်သင်း၏ နေအိမ်ကို ယနေ့ (ဇန်နဝါရီ ၂၄ ရက်)၊ မနက် ၃နာရီခန့်တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။ "ဦးဇော်သင်းက...

Read more
by MPA CJ001
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10850) Myanmar (9776) News (9157) military (7093) SAC (6803) PDF (953) Politics (307) Yangon (282) SagaingRegion (214) RakhineState (139) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In