• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
20 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ယောဒေသ၌ စစ်ကောင်စီက ရိက္ခာဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှုလည်း ခပ်စိပ်စိပ်လုပ်ဆောင်နေ

Thar Nge Lay by Thar Nge Lay
Apr 26, 2025
in စစ်ရေး
0
0
ယောဒေသ၌ စစ်ကောင်စီက ရိက္ခာဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှုလည်း ခပ်စိပ်စိပ်လုပ်ဆောင်နေ

Photo-ပေးပို့ (ပုံစာ-စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် အလယ်ဘန်းကျေးရွာကို မတ်လအတွင်း၌ တွေ့ရစဥ် )

Share on FacebookShare on Twitter

By Hlaing / MPA

မကွေးတိုင်းမြောက်ပိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ၌ စစ်ကောင်စီက ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်ထပ်မနည်း လုပ်ဆောင်နေပြီး အမြောက်တပ်နှင့် ပျူစောထီးကျေးရွာများတွင် ရိက္ခာဖြည့်တင်းနေကြောင်း ဒေသခံများနှင့် တော်လှန်တပ်ဖွဲ့များထံမှ သိရသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ဆော၊ ကျောက်ထုနှင့် ထီးလင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းအသုံးပြု၍ ဆယ်ကြိမ်ထပ်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကန်၊ မွှေ့လယ်၊ သာလင်း၊ မြင်သား၊ ကျော်၊ နှမ်းခါး၊ ရွှေဘို၊ ကျောက်ပြုတ်၊ အင်းကျွန်း၊ ကုက္ကိုလ်နှင့် လယ်ကြားကျေးရွာ၊ ထီးလင်းမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျားခဲ၊ အကြည်ဘန်း၊ အလယ်ဘန်းနှင့် အညာဘန်းကျေးရွာ၊ ဆောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။

“ အကြတ်နေ့ကဆို အကြည်ဘန်းရွာနားကို ဗုံးကြဲသွားတာ၊ ဘယ်သူမှတော့ ထိခိုက်တာမရှိဘူး။ ဒါပေမဲ့လည်း စိုးရိမ်နေကြရတာပေါ့” ဟု ထီးလင်းမြို့နယ်အတွင်း နေထိုင်သည့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

ယင်းအပြင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ဂန့်ဂေါမြို့နယ်၊ ကျော်ကျေးရွာမှ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ သေသွားတာက အဖေဖြစ်သူပါ။ ကိုယ်ဝန်ရှစ်လလွယ်ထားတဲ့ သမီးဖြစ်သူကတော့ ခေါင်းကို လက်နက်ကြီးအစ မှန်သွားတယ်။ အိမ် လေးလုံးပျက်စီးသွားတယ်” ဟု အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

Photo-ပေးပို့ (ပုံစာ-စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် အလယ်ဘန်းကျေးရွာကို မတ်လအတွင်း၌ တွေ့ရစဥ် )
Photo-ပေးပို့ (ပုံစာ-စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် အလယ်ဘန်းကျေးရွာကို မတ်လအတွင်း၌ တွေ့ရစဥ် )
Photo-ပေးပို့ (ပုံစာ-စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် အလယ်ဘန်းကျေးရွာကို မတ်လအတွင်း၌ တွေ့ရစဥ် )
Photo-ပေးပို့ (ပုံစာ-စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် အလယ်ဘန်းကျေးရွာကို မတ်လအတွင်း၌ တွေ့ရစဥ် )
Photo-ပေးပို့ (ပုံစာ-စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် အလယ်ဘန်းကျေးရွာကို မတ်လအတွင်း၌ တွေ့ရစဥ် )
Photo-ပေးပို့ (ပုံစာ-စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် အလယ်ဘန်းကျေးရွာကို မတ်လအတွင်း၌ တွေ့ရစဥ် )
Photo-ပေးပို့ (ပုံစာ-စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် အလယ်ဘန်းကျေးရွာကို မတ်လအတွင်း၌ တွေ့ရစဥ် )
Photo-ပေးပို့ (ပုံစာ-စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် အလယ်ဘန်းကျေးရွာကို မတ်လအတွင်း၌ တွေ့ရစဥ် )
Photo-ပေးပို့ (ပုံစာ-စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် အလယ်ဘန်းကျေးရွာကို မတ်လအတွင်း၌ တွေ့ရစဥ် )

ထို့ပြင် စစ်ကောင်စီက ဧပြီ ၁၅ ရက်တွင် ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်း၊ ဧပြီ ၁၆ ရက်တွင် ကျောက်ထုအမြောက်တပ်ရင်း (အမတ – ၃၆၈)နှင့် ဧပြီ ၂၃ ရက်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ဟံသာဝတီပျူစောထီးကျေးရွာများတွင်လည်း ရဟတ်ယာဉ်များ အသုံးပြု၍ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ခြင်းအပြင် တပ်သားအပြောင်းအလဲများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ စစ်ကောင်စီက ဧပြီ ၂၄ ရက်ကနေ စပြီးဟံသာဝတီရွာဘက်ကနေ ကလေးမြို့နယ်ထဲ ကြံသာရွာကို အင်အားသုံးပြီးတော့ စစ်ကြောင်းထိုးနေတာမျိုးရှိတယ်ဗျ၊ ရွာတွေထဲကနေ အိမ်တိုင်းမလိုက်မနေရဆိုတဲ့ ပုံစံမျိုးနဲ့ခေါ်ပြီး ကြံသာဘက်ကို စစ်ကြောင်းထိုးနေတာပါ” ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးများ တပ်စွဲထားသည့် တပ်စခန်းတစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့မှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ လက်ရှိတွင် စစ်ကောင်စီက အဆိုပါ တပ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ထိုကဲ့သို့ စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားမှုများကြောင့် မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ကလေးမြို့နယ်တောင်ပိုင်းတို့တွင်လည်း စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိနေကြောင်း သိရသည်။

လက်ရှိတွင်လည်း ယောဒေသအတွင်း၌ စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ထားခြင်း၊ နှေးကွေးအောင်ပြုလုပ်ထားခြင်းတို့အပြင် လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နေအိမ်တိုင်းတွင် ဗုံးခိုကျင်းများ တူးထားကြရန် ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များက အသိပေးပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယောဒေသအတွင်းရှိ အရပ်သားပြည်သူ ၁၉ ဦး သေဆုံးကာ၊ ၄၀ ဦးရေ ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

Tags: ဂန့်ဂေါခရိုင်ရိက္ခာဖြည့်တင်းလေကြောင်းတိုက်ခိုက်မှု
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

စစ်ရေး

ငလျင်ဒဏ်ခံ စစ်ကိုင်းနှင့်မန္တလေးတိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်

May 5, 2025
ငလျင်ဒဏ်ခံ စစ်ကိုင်းနှင့်မန္တလေးတိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်

By Hsu Yee / MPA ဖျက်အားပြင်းငလျင် လှုပ်ခတ်ပြီး တစ်လကျော်ကာလအတွင်း စစ်ကောင်စီတပ်သည် ငလျင်ဒဏ် အကြီးအကျယ်ခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့၌ လေကြောင်းတိုက်ခိုက်မှု အများဆုံးပြုလုပ်ခဲ့ကြောင်း သိရသည်။ မတ်လ ၂၈ ရက်၊ စစ်ကိုင်းငလျင်ကြီး...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စစ်ကောင်စီ အပစ်ရပ်သည်ဆိုသော ဧပြီလအတွင်း သပိတ်ကျင်း၌ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ် ပြုလုပ်ခဲ့

May 3, 2025
စစ်ကောင်စီ အပစ်ရပ်သည်ဆိုသော ဧပြီလအတွင်း သပိတ်ကျင်း၌ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ် ပြုလုပ်ခဲ့

By Ra Wai / MPA အပစ်အခတ်ရပ်စဲထားသည်ဆိုသော တစ်လတာအတွင်း စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီဘက်က အပစ်အခတ်ရပ်စဲထားသည့် ဧပြီတစ်လအတွင်း သပိတ်ကျင်းမြို့ပေါ်သို့ တစ်ကြိမ်နှင့် မြို့နယ်အတွင်း ၂၃ ကြိမ်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

မင်းလှမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေခြင်းကြောင့် ပြည်သူများ ထွက်ပြေးနေရ

Apr 24, 2025
မင်းလှမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေခြင်းကြောင့် ပြည်သူများ ထွက်ပြေးနေရ

By Zwe Ko/MPA ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ မင်းလှမြို့နယ်အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီက နေ့စဉ်လက်နက်ကြီးများပစ်ခတ်သည့်အပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆောင်ရွက်နေခြင်းကြောင့် ကျေးရွာ ၂၀မှ ပြည်သူ ၅၀၀၀နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လအတွင်း အမျိုးသမီး ၆၆ ဦးအထိ သေဆုံးခဲ့

Apr 22, 2025
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လအတွင်း အမျိုးသမီး ၆၆ ဦးအထိ သေဆုံးခဲ့

By Sayar Ngaat / MPA ၂၀၂၅ခုနှစ်၊ မတ်လအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကြုံနေစဉ် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၆၆ဦးအထိ သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားသည်။ လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များကျရောက်နေချိန်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စဉ့်ကူးကို စစ်တပ် ဗုံးထပ်ကြဲ၊ ငါးလသားကလေးတစ်ဦးအပါအဝင် မိသားစုဝင်လေးဦး ဒဏ်ရာရ

Apr 22, 2025
စဉ့်ကူးကို စစ်တပ် ဗုံးထပ်ကြဲ၊ ငါးလသားကလေးတစ်ဦးအပါအဝင် မိသားစုဝင်လေးဦး ဒဏ်ရာရ

By Ra Wai / MPA မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ရာ ငါးလသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင်လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဧပြီ ၂၁ရက်၊ ညနေ သုံးနာရီခွဲခန့်တွင် စဉ့်ကူးမြို့နယ်၊ အောက်ဇီးကုန်းကျေးရွာကို...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

မြင်းမူတွင် စစ်တပ် လေကြောင်းတိုက်ခိုက်၊ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

Apr 20, 2025
မြင်းမူတွင် စစ်တပ် လေကြောင်းတိုက်ခိုက်၊ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

By Ra Wai / MPA စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်အမျိုးသမီးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဧပြီ ၁၉ ရက်၊ နေ့ခင်း ၁၁ နာရီ မိနစ်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ရေစကြိုတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အဘိုးတစ်ဦး သေဆုံး

Apr 18, 2025
ရေစကြိုတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အဘိုးတစ်ဦး သေဆုံး

By Ko Paing / MPA မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် အဘိုးတဦး ခြေတစ်ဖက်ပြတ်ဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေဆုံးသွား ကြောင်း Yesagyo Township Info...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ငလျင်ဒဏ်အဆိုးရွားဆုံးခံရသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းအတွင်း လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှု စစ်ကောင်စီ ၃၆ ကြိမ်ပြုလုပ်ခဲ့ဟုဆို

Apr 10, 2025
ချောင်းဦးတွင် ညအချိန် စစ်တပ်ဗုံးကြဲ၊ အိမ်ထဲ၌ အိပ်နေသော မောင်နှမသုံးဦး သေဆုံး

By Ra Wai / MPA ငလျင်ဘေးဒဏ်အဆိုးရွားဆုံးခံရသည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် အင်းအားအလွန်ပြင်းထန်သည့် ငလျင်ဘေးဒဏ်ကြုံတွေ့ရပြီးနောက် တစ်ပတ်အတွင်း...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စစ်ကောင်စီ အပစ်ရပ်ကြေညာပြီးနောက် မန်းနှင့်ရှမ်းတွင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့ဟုဆို

Apr 9, 2025
စစ်ကောင်စီ အပစ်ရပ်ကြေညာပြီးနောက် မန်းနှင့်ရှမ်းတွင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့ဟုဆို

By Ra Wai / MPA စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် မန္တလေးတိုင်းနှင့် ရှမ်းပြည် နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ် ပြုလုပ်ခဲ့သည်ဟု MDY PDF က သတင်းထုတ် ပြန်သည်။ ဧပြီ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ငလျင်လှုပ်ပြီးနောက် တစ်ပတ်အတွင်း စစ်တပ်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု တို့ကြောင့် ပြည်သူ ၆၈ဦး သေဆုံး

Apr 5, 2025
ငလျင်လှုပ်ပြီးနောက် တစ်ပတ်အတွင်း စစ်တပ်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု တို့ကြောင့် ပြည်သူ ၆၈ဦး သေဆုံး

By Ra Wai / MPA ငလျင်ဒဏ်ကြုံတွေ့ရပြီးနောက် တစ်ပတ်အတွင်း စစ်တပ်ကလက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ၆၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်းငလျင်ဒဏ်ကြုံတွေ့ရပြီးနောက် တစ်ပတ်အတွင်း၌ စစ်ကောင်စီတပ်က...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In