• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
14 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ဆင်ပေါင်ဝဲ ကပစ ၁၃ ကို ရှေ့တိုက်ဒုံးဖြင့် ပစ်၊ ထိခိုက်မှု များပြားဟုဆို

Thar Nge Lay by Thar Nge Lay
Apr 26, 2025
in စစ်ရေး
0
0
ဆင်ပေါင်ဝဲ ကပစ ၁၃ ကို ရှေ့တိုက်ဒုံးဖြင့် ပစ်၊ ထိခိုက်မှု များပြားဟုဆို

ဓာတ်ပုံ - ပေးပို့ ပုံစာ - ဆင်ပေါင်ဝဲ ကပစ ၁၃ ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်စဉ်။

Share on FacebookShare on Twitter

By Nway / MPA

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကပစ ၁၃ကို ရှေ့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများပြားကြောင်းသိရသည်။

ဧပြီ ၂၅ရက်၊ည၁၂နာရီခန့်တွင် ဆင်ပေါင်ဝဲမြို့နယ်ရှိ ကပစ ၁၃ကို ၁၀၇မမ ရှေ့တိုက်ဒုံး ၁၀လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရေးပါသော Primer (အစပျိုးယမ်း) စက်ရုံအပါအဝင် အခြားစက်ရုံများသို့ ထိမှန်ပေါက်ကွဲခဲ့သည်ဟု ကနဦးစုံစမ်းသိရှိထားကြောင်း Brave Warriors For Myanmar က သတင်းထုတ်ပြန်သည်။

” ၁၀ လုံးစလုံးစက်ရုံထဲကိုကျရောက်ပေါက်ကွဲပါတယ်။ အဓိကစက်ရုံတွေထိတယ်။စကစ စစ်သားတွေလည်းအများအပြားထိတယ်လို့ကနဦးသိရပါတယ်” Brave Warriors For Myanmarမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

စစ်ကောင်စီက ပေါက်ကွဲသံများကို ပြည်သူများမကြားစေရန် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားနေသယောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

” စကစဘက်ကတော့ထုံးစံအတိုင်းလက်နက်ကြီးနဲ့ပြန်ပစ်ပါတယ်။ ပြီးတော့ ကပစ စက်ရုံတွေ ၁၀၇ နဲ့အပစ်ခံရလို့ထွက်လာတဲ့ပေါက်ကွဲသံတွေကို ပြည်သူတွေမသိအောင် လက်နက်ကြီး ပြန်ရမ်းပစ်နေ ပြီး တိုက်ပွဲဖြစ်လို့ ပေါက်ကွဲသံတွေထွက်နေသယောင် စကစဘက်ကလုပ်နေတယ်လို့လည်းသိရ ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ကပစ ၁၃ သည် အသေးစားကျည်ဆန်မှစ၍ အကြီးစား လေယာဥ် ဗုံးသီးများအထိ ပြုလုပ်ရာ၌ အဓိကသုံးရသော Detonator(စနက်တံ) နှင့် Primer(အစပျိုးယမ်း) များ အဓိက ထုတ်လုပ် ပေးနေသော ကာကွယ်ရေးပစ္စည်းစက်ရုံဖြစ်သည်။

ထို့ကြောင့်ယင်းစက်ရုံပျက်စီးလျှင် ၎င်းကို မှီခို၍ ထုတ်လုပ်နေသည့် ကပစ ၃၊ ကပစ ၅၊ ကပစ ၇၊ ကပစ၁၂၊ ကပစ ၁၅ ၊ ကပစ ၁၇ နှင့် ကပစ ၂၁ တို့ ၏ ထုတ်လုပ်မှုများလည်းထိခိုက်မည်ဖြစ်ကြောင်း BMWကဆိုသည်။

စစ်ကောင်စီတပ်၏ စစ်ရေးအချက်အချာ နေရာများကို ဖြိုခွင်းနိုင်မှသာ နွေဦးတော်လှန်ရေးအောင်မြင်နိုင်မည်ဖြစ်သဖြင့် BWM နှင့် မဟာမိတ် အဖွဲ့များက ကပစ ၁၃ အား BWM Mission 34 အဖြစ် အောင်မြင်စွာတိုက်ခိုက် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် Shadow (အညာ) ၊ No More Dictatorship- NMD အဖွဲ့နှင့် Eagle Brigade အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Tags: ကပစဆင်ပေါင်ဝဲမြို့နယ်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

စစ်ရေး

ဆင်ပေါင်ဝဲ ကပစ ၁၃ ထဲရှိ ဓာတုစက်ရုံနှင့် ဆီလှောင်ကန် ရှော့တိုက်ဒုံး ထိမှန်ပြီး မီးလောင်၊ စစ်သား ငါးဦးသေဆုံးဟုဆို

Apr 26, 2025
ဆင်ပေါင်ဝဲ ကပစ ၁၃ ထဲရှိ ဓာတုစက်ရုံနှင့် ဆီလှောင်ကန် ရှော့တိုက်ဒုံး ထိမှန်ပြီး မီးလောင်၊ စစ်သား ငါးဦးသေဆုံးဟုဆို

By Ra Wai / MPA မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကပစ ၁၃ကို ရှေ့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ ဓာတုစက်ရုံနှင့် ဆီလှောင်ကန်မီးလောင်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးကြောင်းသိရသည်။ ဧပြီ ၂၅ ရက်၊ ည ၁၂ နာရီခန့်တွင်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ဆိပ်ဖြူ ကပစ ၂၁ PDF ရှော့တိုက်ဒုံး ထိမှန်ပြီး အရာရှိနှစ်ဦးအပါအဝင် စစ်သားကိုးဦးသေဆုံး၊ အဆောက်အအုံများလည်း ပျက်စီးဟုဆို

Jan 20, 2025
ဆိပ်ဖြူ ကပစ ၂၁ PDF ရှော့တိုက်ဒုံး ထိမှန်ပြီး အရာရှိနှစ်ဦးအပါအဝင် စစ်သားကိုးဦးသေဆုံး၊ အဆောက်အအုံများလည်း ပျက်စီးဟုဆို

By Nway / MPA မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ၂၁) ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ရာ အရာရှိနှစ်ဦးအပါအဝင် စစ်သား ကိုးဦးသေဆုံးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၁၈ရက်၊...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10850) Myanmar (9776) News (9157) military (7093) SAC (6803) PDF (953) Politics (307) Yangon (282) SagaingRegion (214) RakhineState (139) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In