• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
13 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ဖြူးတွင် စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သက်ကြီးအမျိုးသားတစ်ဦး သေဆုံး

Thar Nge Lay by Thar Nge Lay
Apr 25, 2025
in စစ်ရေး
0
0
ဖြူးတွင် စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သက်ကြီးအမျိုးသားတစ်ဦး သေဆုံး

ဓာတ်ပုံ - Google Map ပုံစာ - လေကြောင်းနှင့် လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရသည့် လေးအိမ်စုရွာ။

Share on FacebookShare on Twitter

By Hsu Yee / MPA

ပဲခူးတိုင်း ၊ ဖြူးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၂၄ ရက်၊ ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ဖြူးမြို့နယ်၊ လေးအိမ်စုရွာကို Mi 35 ဖြင့် ငါးကြိမ် နှင့် ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညနေ ငါးနာရီခန့်တွင် အုတ်ဖြတ်ရွာအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ရာ လက်နက်ကြီးစ ထိမှန်မှုကြောင့် လေးအိမ်စုရွာမှ အသက် ၇၂ နှစ်အရွယ်အဘိုးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး(စိုးရိမ်ရ)နှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကာ ဘွားအေစုရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဖြူးမြို့နယ်ရှိ စစ်ရေး သတင်းအရင်းအမြစ်ထံမှ သိရသည်။

“ သူတို့က ရွာထဲနေရင်း အိမ်ထဲမှာပဲ ထိတာ။ လေးအိမ်စုရွာက အိမ်ပေါ်ကိုလည်း လက်နက်ကြီးကျတယ်။ ဘယ်နှစ်အိမ်လောက်ပျက်စီးသွားလဲတော့ အတိအကျမသိရသေးဘူး။ လက်နက်ကြီးကတော့ အုတ်ဖြတ်ဘက်ကပါခင်ဗျ” ဟု ၎င်းက MPA သို့ပြောသည်။

လေးအိမ်စုရွာထဲသို့ လက်နက်ကြီးတစ်လုံးနှင့် ရွာပြင်၌ လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ စစ်ရှောင်နေရကြောင်း ဒေသခံ ပြည်သူတစ်ဦးထံမှ သိရသည်။

“ ရွာကတော့ အိမ်ခြေ ၂၀၀ လောက်ရှိတယ်။ ပြည်သူတွေကတော့ ရှောင်ကုန်ကြပြီ။ လမ်းတွေကတော့ ပိတ်ထားတယ်လို့ကြားတယ် “ ဟု ၎င်းက ပြောသည်။

ဧပြီ ၂၄ ရက်တွင် လေးအိမ်စုနှင့် အောက်ခုံကျေးရွာကြား၌ စစ်တပ်နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့များက ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Tags: ဖြူးမြို့နယ်လက်နက်ကြီးလေကြောင်းတိုက်ခိုက်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

စစ်ရေး

ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် အချိန်မှ တစ်လအတွင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်

Apr 28, 2025
ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် အချိန်မှ တစ်လအတွင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်

By Hlaing / MPA အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည့် မတ် ၂၈ရက်မှ တစ်လပြည့် ဧပြီ ၂၈ရက်အထိ စစ်ကောင်စီက တစ်လအတွင်း ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း MPA ကပြုစုထားသည့် စာရင်းများအရ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

မော်ချီးရှိ ခဲခါစက်ရုံကို စစ်ကောင်စီ ဗုံးကြဲ၊ လသားအရွယ် ကလေးအပါအဝင် ၁၀ ဦးခန့် သေဆုံး

Apr 24, 2025
မော်ချီးရှိ ခဲခါစက်ရုံကို စစ်ကောင်စီ ဗုံးကြဲ၊ လသားအရွယ် ကလေးအပါအဝင် ၁၀ ဦးခန့် သေဆုံး

By Bala / MPA ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲခါစက်ရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာ အသုံးပြုပြီး ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲချခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ယနေ့(ဧပြီ ၂၄ ရက်)၊ မွန်းလွဲ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

မင်းလှ၊ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်

Apr 23, 2025
မင်းလှ၊ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်

By Ko Paing / MPA ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဧပြီ ၂၂ ရက်၊ မွန်းလွဲ နှစ်နာရီကျော်တွင် ပြည်မြို့ဘက်မှလာသည့် Mi...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စစ်ကောင်စီက တစ်ရက်အတွင်း ဝန်းသိုမြို့နယ်ကို လေကြောင်းနှစ်ကြိမ်တိုက်ခိုက် သေဆုံးသူ တစ်ရာနီးပါးရှိဟုဆို

Apr 9, 2025
စစ်ကောင်စီက တစ်ရက်အတွင်း ဝန်းသိုမြို့နယ်ကို လေကြောင်းနှစ်ကြိမ်တိုက်ခိုက် သေဆုံးသူ တစ်ရာနီးပါးရှိဟုဆို

By Mandy / MPA စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို စစ်ကောင်စီက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့မှုကြောင့် ပြည်သူ တစ်ရာခန့်သေဆုံးနိုင်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။ ယနေ့(ဧပြီ ကိုးရက်)၊ မွန်းလွဲ နှစ်နာရီ မိနစ်...

Read more
by Thar Nge Lay
0 Comments
ငလျင်ဘေး

ဖြူး ငလျင်ဒဏ်သင့် နေအိမ်နှင့်လမ်းတံတား ပြုပြင်ရန် အလှူရှင်များကိုယ်စား PDF လှူဒါန်း

Apr 7, 2025
ဖြူး ငလျင်ဒဏ်သင့် နေအိမ်နှင့်လမ်းတံတား ပြုပြင်ရန် အလှူရှင်များကိုယ်စား PDF လှူဒါန်း

By Hsu Yee / MPA ပဲခူးတိုင်း ၊ ဖြူးမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်နှင့် လမ်းတံတားများ ပြုပြင်ရန် အလှူရှင်များကိုယ်စား ဖြူးမြို့နယ် ပကဖက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ ဧပြီ ခြောက်ရက်တွင်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ငလျင်လှုပ်ပြီးနောက် တစ်ပတ်အတွင်း စစ်တပ်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု တို့ကြောင့် ပြည်သူ ၆၈ဦး သေဆုံး

Apr 5, 2025
ငလျင်လှုပ်ပြီးနောက် တစ်ပတ်အတွင်း စစ်တပ်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု တို့ကြောင့် ပြည်သူ ၆၈ဦး သေဆုံး

By Ra Wai / MPA ငလျင်ဒဏ်ကြုံတွေ့ရပြီးနောက် တစ်ပတ်အတွင်း စစ်တပ်ကလက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ၆၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်းငလျင်ဒဏ်ကြုံတွေ့ရပြီးနောက် တစ်ပတ်အတွင်း၌ စစ်ကောင်စီတပ်က...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ငလျင်ဘေး‌သင့်နေချိန် ချောင်းဦးတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြန်

Apr 1, 2025
မုံရွာတွင် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်နှင့် စက်တပ်လေထီးဗုံးကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံး

By Ra Wai / MPA ဖျက်အားပြင်းငလျင်ကြောင့် မြန်မာပြည်သူများစွာ အရေးပေါ်အကူအညီ လိုအပ်နေချိန်တွင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။ မတ်လ ၃၁ ရက်၊ ညကိုးနာရီခွဲဝန်းကျင်တွင် ချောင်းဦးမြို့နယ် အရှေ့ခြမ်းနှင့်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ဂန့်ဂေါနယ် နှမ်းခါးကျေးရွာရှိ ဆေးခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ၁၁ ဦးသေဆုံး

Mar 22, 2025
ဂန့်ဂေါနယ် နှမ်းခါးကျေးရွာရှိ ဆေးခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ၁၁ ဦးသေဆုံး

By Hlaing / MPA မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ နှမ်းခါးကျေးရွာရှိ ဆေးခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဆရာဝန်မိသားစုအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်နေ

Mar 21, 2025
ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်နေ

By Bala / MPA ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတစ် နေရာသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒီးမော့ဆို အနောက်ခြမ်း လေးမိုင်နေ ဒေသခံတစ်ဦးက ပြောသည်။ ယနေ့(မတ် ၂၁ ရက်)၊...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

နောင်ချိုနှင့် စဉ့်ကူး လေကြောင်းတိုက်ခိုက်မှု NUG ပြင်းထန်စွာရှုတ်ချ၊ မှားယွင်းဗုံးကြဲချမိခြင်း လုံးဝ မဟုတ်ဟု CDM အရာရှိဆို

Mar 17, 2025
နောင်ချိုနှင့် စဉ့်ကူး လေကြောင်းတိုက်ခိုက်မှု NUG ပြင်းထန်စွာရှုတ်ချ၊ မှားယွင်းဗုံးကြဲချမိခြင်း လုံးဝ မဟုတ်ဟု CDM အရာရှိဆို

By Nway / MPA နောင်ချိုနှင့် စဉ့်ကူးမြို့နယ်အတွင်း ပြည်သူကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို အပြင်းအထန်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ ( မတ်လ ၁၇ရက် ) သတင်းထုတ်ပြန်သည်။ မတ်လ...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10850) Myanmar (9776) News (9157) military (7093) SAC (6803) PDF (953) Politics (307) Yangon (282) SagaingRegion (214) RakhineState (139) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In