• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
17 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

မော်ချီးရှိ ခဲခါစက်ရုံကို စစ်ကောင်စီ ဗုံးကြဲ၊ လသားအရွယ် ကလေးအပါအဝင် ၁၀ ဦးခန့် သေဆုံး

Thar Nge Lay by Thar Nge Lay
Apr 24, 2025
in စစ်ရေး
0
0
မော်ချီးရှိ ခဲခါစက်ရုံကို စစ်ကောင်စီ ဗုံးကြဲ၊ လသားအရွယ် ကလေးအပါအဝင် ၁၀ ဦးခန့် သေဆုံး

Photo-ပေးပို့ (ပုံစာ- စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ခဲခါစက်ရုံမြင်ကွင်း)

Share on FacebookShare on Twitter

By Bala / MPA

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲခါစက်ရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာ အသုံးပြုပြီး ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲချခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယနေ့(ဧပြီ ၂၄ ရက်)၊ မွန်းလွဲ သုံးနာရီကျော်တွင် စစ်ကောင်စီက အထက်ပါနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၁၀ဦးခန့် သေဆုံးခဲ့ရကြောင်း မော်ချီးဒေသခံတစ်ဦးက ပြောသည်။

“ သုံးနာရီကျော်လောက်မှာ လာကြဲသွားတာ၊ အမှတ် ၂ နားက တရုတ်စက်ရုံနားကို ကျသွားတယ်။ ခဲခါစက်ရုံနားကိုကျသွားတာပါ၊ အဲ့ဒီမှာက ပုံမှန်ဆို လူသုံးလေးဆယ်ရှိတယ်။ ခဲလာဆေးကြတာကို ” ဟု ၎င်းက ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး မော်ချီးဒေသရှိ စစ်ရေးသတင်းရင်းမြစ်အား မေးမြန်းရာ ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်းနှင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသူ စာရင်းအတိအကျ မသိရသေးကြောင်း ပြောသည်။

“ ဂျက်က မနက်ထဲကဝဲနေတာ၊ ခနဝဲပြီး ပြန်ထွက်သွားတော့ နေ့လယ်လာဝဲတော့လဲ လူတွေက ပုံမှန်အတိုင်းပဲထင်လိုက်တာ၊ အဲ့ဒီနားက လူများတဲ့နေရာပေါ့၊ ခဲဆေးတဲ့နေရာဆိုတော့ အလုပ်သမားတွေ၊ ကလေးတွေရှိတယ်။ သေတဲ့အထဲမှာဆို လသားအရွယ် ကလေးတစ်ဦး ခေါင်းပြတ်သွားတယ်။ သေတဲ့စာရင်းအတိအကျကိုတော့ မရသေးဘူး။ တရုတ်(မြန်မာပြည်ဖွား တရုတ်လူမျိုးများ)တွေလဲ ပေါင် ၅၀၀ထိပြီးသေတယ်။ ကျတာက တရုတ်စက်ရုံနားဆိုတော့လေ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ခုနှစ်ရက်ကလည်း စစ်ကောင်စီက မော်ချီးမြို့တစ်နေရာသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ နှစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ထိုကဲ့သို့ စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း မကြာခဏ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ ကြိုတင်တူးထားကြရန် Karenni National Solidarity Organization (ကြယ်ဖြူ)တပ်ဖွဲ့က မတ် ၁၀ရက်တွင် အသိပေးထုတ်ပြန်ခဲ့သေးသည်။

လက်ရှိ စစ်ကောင်စီတပ်သည် ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့နယ်အား ဝင်ရောက်နိုင်ရန်အတွက် နေ့စဉ်နီးပါး ထိုးစစ်ပြုလုပ်နေသည့်အပြင် လက်နက်ကြီးများ၊ ဒရုန်းများနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လျက်ရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်-KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

Tags: ခဲခါစက်ရုံမော်ချီးဒေသလေကြောင်းတိုက်ခိုက်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

စစ်ရေး

ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် အချိန်မှ တစ်လအတွင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်

Apr 28, 2025
ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် အချိန်မှ တစ်လအတွင်းအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်

By Hlaing / MPA အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည့် မတ် ၂၈ရက်မှ တစ်လပြည့် ဧပြီ ၂၈ရက်အထိ စစ်ကောင်စီက တစ်လအတွင်း ရခိုင်ပြည်နယ်ကို အကြိမ် ၃၀ထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း MPA ကပြုစုထားသည့် စာရင်းများအရ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ဖြူးတွင် စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သက်ကြီးအမျိုးသားတစ်ဦး သေဆုံး

Apr 25, 2025
ဖြူးတွင် စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သက်ကြီးအမျိုးသားတစ်ဦး သေဆုံး

By Hsu Yee / MPA ပဲခူးတိုင်း ၊ ဖြူးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့်လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဧပြီ ၂၄...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

မင်းလှ၊ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်

Apr 23, 2025
မင်းလှ၊ ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်

By Ko Paing / MPA ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဧပြီ ၂၂ ရက်၊ မွန်းလွဲ နှစ်နာရီကျော်တွင် ပြည်မြို့ဘက်မှလာသည့် Mi...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စစ်ကောင်စီက တစ်ရက်အတွင်း ဝန်းသိုမြို့နယ်ကို လေကြောင်းနှစ်ကြိမ်တိုက်ခိုက် သေဆုံးသူ တစ်ရာနီးပါးရှိဟုဆို

Apr 9, 2025
စစ်ကောင်စီက တစ်ရက်အတွင်း ဝန်းသိုမြို့နယ်ကို လေကြောင်းနှစ်ကြိမ်တိုက်ခိုက် သေဆုံးသူ တစ်ရာနီးပါးရှိဟုဆို

By Mandy / MPA စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းကျေးရွာကို စစ်ကောင်စီက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့မှုကြောင့် ပြည်သူ တစ်ရာခန့်သေဆုံးနိုင်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။ ယနေ့(ဧပြီ ကိုးရက်)၊ မွန်းလွဲ နှစ်နာရီ မိနစ်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ငလျင်ဘေး‌သင့်နေချိန် ချောင်းဦးတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြန်

Apr 1, 2025
မုံရွာတွင် စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်နှင့် စက်တပ်လေထီးဗုံးကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံး

By Ra Wai / MPA ဖျက်အားပြင်းငလျင်ကြောင့် မြန်မာပြည်သူများစွာ အရေးပေါ်အကူအညီ လိုအပ်နေချိန်တွင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။ မတ်လ ၃၁ ရက်၊ ညကိုးနာရီခွဲဝန်းကျင်တွင် ချောင်းဦးမြို့နယ် အရှေ့ခြမ်းနှင့်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ဂန့်ဂေါနယ် နှမ်းခါးကျေးရွာရှိ ဆေးခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ၁၁ ဦးသေဆုံး

Mar 22, 2025
ဂန့်ဂေါနယ် နှမ်းခါးကျေးရွာရှိ ဆေးခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ၁၁ ဦးသေဆုံး

By Hlaing / MPA မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ နှမ်းခါးကျေးရွာရှိ ဆေးခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဆရာဝန်မိသားစုအပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

နောင်ချိုနှင့် စဉ့်ကူး လေကြောင်းတိုက်ခိုက်မှု NUG ပြင်းထန်စွာရှုတ်ချ၊ မှားယွင်းဗုံးကြဲချမိခြင်း လုံးဝ မဟုတ်ဟု CDM အရာရှိဆို

Mar 17, 2025
နောင်ချိုနှင့် စဉ့်ကူး လေကြောင်းတိုက်ခိုက်မှု NUG ပြင်းထန်စွာရှုတ်ချ၊ မှားယွင်းဗုံးကြဲချမိခြင်း လုံးဝ မဟုတ်ဟု CDM အရာရှိဆို

By Nway / MPA နောင်ချိုနှင့် စဉ့်ကူးမြို့နယ်အတွင်း ပြည်သူကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏လုပ်ရပ်ကို အပြင်းအထန်ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ ( မတ်လ ၁၇ရက် ) သတင်းထုတ်ပြန်သည်။ မတ်လ...

Read more
by Thar Nge Lay
0 Comments
Fact Check

ပေါက်နှင့်မြိုင်အစပ်ရှိ ရွာများ နှင့် ရေနံမှော်ကို လေကြောင်းတိုက်ခိုက်ရာ PDFများ ထိခိုက်သေဆုံးမှုများ ဆိုသည့် သတင်းအမှား

Mar 5, 2025
ပေါက်နှင့်မြိုင်အစပ်ရှိ ရွာများ နှင့် ရေနံမှော်ကို လေကြောင်းတိုက်ခိုက်ရာ PDFများ ထိခိုက်သေဆုံးမှုများ ဆိုသည့် သတင်းအမှား

By Wadi/MPA မကွေးတိုင်း၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ကို စစ်ကောင်စီက လေကြောင်းဖြင့် ရှင်းလင်းခဲ့ရာ PDF အများအပြား သေဆုံးဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “People Media”...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

စရိတ်သက်သာသော ဒရုန်းနှင့် စက်တပ်လေထီးဖြင့် ဗုံးကြဲခြင်းကို စစ်တပ် တိုးချဲ့လုပ်ဆောင်လာဟု NUG ဆို

Feb 15, 2025
စရိတ်သက်သာသော ဒရုန်းနှင့် စက်တပ်လေထီးဖြင့် ဗုံးကြဲခြင်းကို စစ်တပ် တိုးချဲ့လုပ်ဆောင်လာဟု NUG ဆို

By Ra Wai / MPA စစ်ကောင်စီတပ်သည် ကုန်ကျစရိတ်သက်သာသည့် ဒရုန်းနှင့် စက်တပ်လေထီးတို့ဖြင့် လေကြောင်း တိုက်ခိုက်ခြင်းတို့ကို တိုးချဲ့လုပ်ဆောင်လာကြောင်း NUGအစိုးရက ထုတ်ပြန်လိုက်သည်။ လေယာဉ်အသုံးပြုသည့် လေကြောင်းတိုက်ခိုက်မှုသည် ကုန်ကျစရိတ်များခြင်းကြောင့် ယင်းသို့ လုပ် ဆောင်လာခြင်းဖြစ်ပြီး...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

လေကြောင်းတိုက်ခိုက်စဉ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး နည်းလမ်းများ NUG ထုတ်ပြန်

Feb 14, 2025
လေကြောင်းတိုက်ခိုက်စဉ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး နည်းလမ်းများ NUG ထုတ်ပြန်

By Ra Wai / MPA လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ်နေထိုင်ခြင်း နည်းလမ်းများကို NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် စိတ်ငြိမ်ငြိမ်ထားရန်၊အနီးဆုံးအကာအကွယ်ကိုရှာရန်၊ အချိန်မီပါက ဗုံးခိုကျင်းသို့ရောက်အောင်သွားရန်၊ နေအိမ်အတွင်းတွင်ရှိနေပါက ကြိုတင်ပြင်ဆင် ထားသည့် အခန်းတွင်း...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In