By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့စောင့်တပ် PDF တို့၏ ခြုံခိုပစ်ခတ်ခြင်းခံရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့ (ဧပြီ ၂၀ရက်) နံနက် ခြောက်နာရီခွဲခန့်တွင် မြိုင်မြို့မြောက်ဘက်၌ လုံခြုံရေးစောင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့တွင်း၌ ရိက္ခာရှာရန် ခြေရှုပ်နေစဉ် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးနှင့်ပျူစောထီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
“ ရိက္ခာရှာနေချိန် မြို့တွင်းမှာ ဖြစ်တာဗျ။ သူတို့အင်အား အနည်းငယ်နဲ့ဖြစ်တာ။ ကိုယ်ဘက်က ခြုံခိုပစ်တာဗျ” ဟု မြိုင်ပကဖ ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
ပစ်ခတ်ခံရပြီးနောက် ကျန် စစ်ကောင်စီတပ်သားများမှာ ပြန်လည်ပစ်ခတ်ခြင်းမရှိဘဲ ထွက်ပြေးသွားသဖြင့် MA1 သေနတ်တစ်လက်၊ ကာဘိုင် တစ်လက်နှင့် ကာဘိုင်ကျည် ၂၃တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပစ်ခတ်ပြီးနောက် မြို့တွင်းမှ ချက်ချင်းပြန်လည်ဆုတ်ခွာခဲ့သဖြင့် နောက်ဆက်တွဲအခြေအနေကို မသိရှိရကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို မြိုင်ပကဖမှ အညာတပ်ပေါင်းစုနှင့် ပွိုင့်တစ်ထောင် ဗိုလ်ပြောင်အဖွဲ့တို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML