By Ra Wai / MPA
မွန်ပြည်နယ်၊ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုနယ်မြေများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု သတင်းထွက်ပေါ်လျက် ရှိကြောင်း သိရသည်။
သထုံ၊ဘီးလင်း၊ကျိုက်ထိုနှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ သိမ်ဇရပ်တို့ကို လေကြောင်းတိုက်ခိုက်ခြင်း နှင့် စစ်ကြောင်းထိုးခြင်းတို့ ပြုလုပ်မည်ဟု တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရှိရကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။
“ဘယ်တော့ လေကြောင်းပစ်မလဲဆိုတဲ့ အသေးစိတ်အချက်တွေကိုတော့ လောလောဆယ် မသိရ သေးဘူး”ဟု ၎င်းက MPA သို့ပြောသည်။
ထို့အပြင် ယနေ့(ဧပြီ၁၉ရက်)မှစတင်ကာ သထုံမြို့နယ်အတွင်းရှိ တပ်မိသားစုများကို တပ်ရင်းပြင်ပ သို့ ထွက်ခွာခွင့်မပြုတော့ကြောင်းလည်း သိရသည်။
“သထုံမြို့ထဲက ဈေးတွေဘာတွေ သွားဝယ်တာမျိုးကို ပိတ်တာလို့ သိရတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
သထုံမြို့ပေါ်တွင်မူ ယနေ့ မွန်းလွဲပိုင်းအချိန်ထိ ပုံမှန်အခြေအနေအတိုင်း ဖြစ်ကြောင်း သထုံမြို့၊မင်း လမ်းနေ ပြည်သူတစ်ဦးထံက သိရသည်။