By Ra Wai / MPA
စစ်ကောင်စီတပ်က အပစ်ရပ်ကြေညာထားသော်လည်း စစ်ကူအင်အားဖြည့်တင်းခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်နေကြောင်း TNLA ကသတင်းထုတ်ပြန်သည်။
အပစ်ရပ်ကြေညာခဲ့ပြီးဖြစ်သော စစ်ကောင်စီတပ်သည် ဧပြီသုံးရက်၊ နေ့ခင်း ၁၂နာရီဝန်းကျင်တွင် နာရီ၀န်းကျင်တွင် စစ်ယာဉ်တန်းခုနှစ်စီးနှင့် လူအင်အားဖြည့်တင်းပြီး ရပ်စောက်မြို့နယ်၊အင်တောမှ ကျောက်ဂူ၊ တောင်ချေ၊ အမတ ၉၀၂ သို့စစ်ကူအင်အားဖြည့်တင်းနေသည့်အပြင် သပိတ်ကျင်းမြိုနယ်၊ ခုနှစ်မိုင်တွင်လည်း ဂျက်ဖိုက်တာဖြင့် လေးကြိမ်၊ ဗုံး ရှစ်လုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” မအလ စစ်တပ်ဟာ သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ အမှန် မပြောခဲ့ပါဘူး။ လူကြားကောင်း အောင် အပစ်ရပ်တယ်ပြောပေမယ့် ဘယ်တုန်းကမှ ကတိ မတည်ခဲ့ပါ ဘူး။သူတို့ ထုတ်ပြန်ကြေ ညာချက်ကိုအယုံအကြည် မရှိပါဘူး” ဟု ရှမ်း-မန်းစစ်ဆင်ရေးတွင် တိုက်ပွဲဝင်ခဲ့သည့် ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုး(ပဲခူး) က MPAသို့ပြောသည်။
ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကာ ဧပြီ ၂ရက်ကနေ ၂၂ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ယာယီအပစ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည့်တုံ့ပြန်မှုမျိုးမှလွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ဘဲ ဧပြီတစ်ရက်မှ ၃၀ရက်အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
မတ်လ ၂၈ရက်တွင် လှုပ်ခတ်ခဲ့သော ဖျက်အားပြင်းငလျင်ဒဏ်ကြောင့် ဧပြီသုံးရက်အထိ သေဆုံးသူ ၃၀၈၅ဦး၊ ဒဏ်ရာရသူ ၄၇၁၅ဦးနှင့် ပျောက်ဆုံးနေသူ ၃၄၁ဦးရှိကြောင်း TNLA ကဆိုသည်။
စာတည်း-ML