By Ra Wai / MPA
ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ခလယ်ဒေးစစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားများ ထွက်ပြေးသွားကြကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်အနီးရှိ ခလယ်ဒေးစခန်းကို KNLA ပူးပေါင်းတပ်က မတ်လ၂၂ရက်တွင် စတင် တိုက်ခိုက်ခဲ့ပြီး မတ်လ၂၅ရက်တွင် ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့သဖြင့် ယင်းစခန်းရှိ စစ် သားများသည် လက်နက်များအား မီးရှို့ဖျက်ဆီးကာ ထွက်ပြေးသွားကြကြောင်း ကေအဲန်ယူဗဟိုက ယနေ့(မတ်၂၆ရက်) သတင်းထုတ်ပြန်သည်။
“မကြာသေးဘူး။ထိုင်း-မြန်မာနယ်စပ်က ပူလူတူစခန်းကို KNLA က သိမ်းခဲ့တာ။အခု မတ်လထဲမှာ ပဲ နောက်ထပ်နယ်စပ်စခန်းပေါ့။ပူလူတူစခန်းသိမ်းတုန်းကတော့ စစ်သားတွေ ထိုင်းနိုင်ငံထဲ ဝင်ပြေး တယ်။အခု ခလယ်ဒေးစခန်းကနေ ထွက်ပြေးတဲ့ကောင်တွေက ထိုင်းထဲ ဝင်ပြေး၊မပြေး သေချာမသိ ရသေးဘူး”ဟု ကေအဲန်ယူ၊တပ်မဟာခြောက်နယ်မြေအတွင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
မတ်လ၂၂ရက်တွင် KNLAပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတ်လ၂၄ရက်တွင် စစ် တပ်က ဂျက်ဖိုက်တာနှစ်စင်းနှင့် ပေါင်၅၀၀ ဗုံး လေးလုံးနှင့် Y12 လေယာဉ်ဖြင့် ဗုံး၃၆လုံးခန့် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အတိုက်ခံရပြီဆို လေယာဉ်ခေါ်မယ်။လေကြောင်းပစ်ကူနဲ့ မဟန်ရင် ထွက်ပြေးမယ်ဆိုတာ စစ်တပ် ရဲ့သီအိုရီလိုဖြစ်နေပြီ။အခုလည်း နယ်စပ်နားကပ်လျက်ကိုတောင် စစ်တပ်က လေကြောင်းကူသေး တယ်။ဒါပေမဲ့၊ထိုင်းနဲ့ အရမ်းကပ်နေတာဆိုတော့ လေကြောင်းကနေ စိတ်ရှိတိုင်း မလုပ်နိုင်ဘူးထင် တယ်။လေကြောင်းပစ်တာ မထိရောက်တော့ စခန်းသိမ်းခံရတာပဲ”ဟု ၎င်းက ဆက်လက်ပြော သည်။
ခလယ်ဒေးစခန်းကို သိမ်းပိုက်ပြီးနောက် ရှင်းလင်းစဉ် စစ်သားနှစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ပြီး လက်နက်ကြီး၊ငယ် ခုနှစ်လက်၊ကျည်ဆန်များနှင့်စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကေအဲယူ ဗဟိုက ထုတ်ပြန်သည်။
ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို ၁၉၈၉ ခုနှစ်၊ စက်တင်ဘာ၂၂ရက်တွင် ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော စခန်းတစ်ခုဖြစ်သည်။
ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၇ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း ၁၉၊ တပ်ရင်း ၂၁၊ တပ်ရင်း ၂၂ နှင့် တပ်ရင်း ၂၄တို့ ပူးပေါင်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ပူလူတူတပ်စခန်းသည် လှိုင်းဘွဲ့မြို့နယ်၌ တည်ရှိပြီး မတ်လ၁၄ရက်တွင် KNLA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။