By Nway / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မတ်လ ၂၃ ရက်၊ ည ၉ နာရီ ၄၃ မိနစ်ခန့်တွင် နမခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ယနေ့ ( မတ်လ ၂၄ ရက် ) သတင်းထုတ်ပြန်သည်။
” နမခတိုင်းရုံးနဲ့ MI 17 စစ်ရဟတ်ယာဥ်ထားရာ နေရာနှစ်ခုကို ဦးတည်ပစ်ခတ်ခဲ့တာပါ ” ဟု Brave Warriors for Myanmar (BWM) တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ဖက်ဆစ်တော်လှန်ရေးနေ့ အကြိုလက်ဆောင်အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
” ဆုတ်ခွာတဲ့အချိန်အထိတော့ ဘာမှတုံ့ပြန်တာမျိုးမရှိဘူး။ အဲ့နောက်ပိုင်းတော့မသိတော့ဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) နှင့် Democratic Rangers အဖွဲ့တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။