By MPA
ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မတ် ၁၉ ရက်၊ နေ့ခင်း ၁၁ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့နယ်၊ တဘလုခို့ခီးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်နှင့် အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦး ဗုံးစ ဆိုးရွားစွာ ထိမှန်ကာ သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၊ ဒူးပလာယာခရိုင်က ယနေ့ (မတ် ၂၁ ရက်) သတင်းထုတ်ပြန်သည်။
ယင်းဗုံးကြဲမှုကြောင်း နေအိမ်တစ်လုံးနှင့် ဂိုထောင်တစ်လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အအုံများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အရပ်သားပြည်သူနေထိုင်သည့်နေရာများကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိလိုက်လံဗုံးကြဲနေကြောင်း ကေအဲန်ယူ၊ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။