By Nway / MPA
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမကြီးဘေးရှိ အမှတ်နှစ် မှုခင်းရဲတပ်ဖွဲ့ ( CID ရုံး ) ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကင်းသမားအချို့ ထိခိုက်မှုရှိကြောင်း သိရသည်။
မတ်လ ၁၉ရက်၊ ည ရှစ်နာရီကျော်တွင် CID ရုံးကို အဝေးထိန်းမိုင်းအကြီးစားဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က ယနေ့ ( မတ်လ ၂၀ရက် ) သတင်းထုတ်ပြန်သည်။
” ပျက်စီးမှုကြီးကြီးမားမားတော့မရှိဘူးဗျ။ အထဲထိ ဝင်ခွဲတာမဟုတ်တဲ့အတွက်။ ဂိတ်ဘေးပဲချပြီး သာမန်မိုင်းအသေး သုံးလုံးစာကို ပေါင်းပြီး တစ်လုံးထဲခွဲခဲ့တာပါ ” ဟု Rangoon Urban Column စစ်ကြောင်းတာဝန်ခံ ရဲဘော်ရဲခေါင်က MPA သို့ ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ကင်းသမားအချို့ ဒဏ်ရာရရှိခဲ့ပြီး ကင်းသမားတစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသနေရကြောင်း သိရသည်။
တိုက်ခိုက်မှုအပြီး၌ CID ရုံးတည်ရှိရာ လမ်းပိုင်းတွင် သာမန်ထက် ပို၍ အစစ်အအဆေးတင်းကျပ်ခဲ့ကြောင်း သိရသည်။
ကင်းသမားအချို့ ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။