By Ko Paing / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့ထိပ်ရှိ ခမရ ၁၅ တပ် လုံခြုံရေးဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့ထံက သိရသည်။
မတ်လ ၁၇ ရက်၊ ညနေလေးနာရီခွဲဝန်းကျင်တွင် မြင်းခြံမြို့ထိပ်၊ မြင်းခြံ-နွားထိုးကြီးနှင့် မြင်းခြံ -တံတားဦးဘက်အထွက်လမ်းပေါ်ရှိ ခမရ ၅ တပ်ရင်း၏ ဂိတ်စောင့်စစ်သားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကျတော်တို့က တပ်ဝင်းဂိတ်ကို အဓိကဝင်ပစ်ခဲ့တာ။ ကျတော်တို့ဘက်က ဦးအောင်ပစ်ခဲ့ပြီး ပြန် ဆုတ်လာတာ။ အချိန် အရမ်းကြီးမကြာဘူး။ သူတို့ဘက်က ပစ်ခတ်မှုနည်းတယ်။ သုံးကောင်သေတယ်လို့တော့ ကနဦး သိထားရတယ်။ ဒဏ်ရာရရှိသူတွေလည်းများတယ်” ဟု Myingyan Black Tiger-MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲ ကပြောသည်။
ဒဏ်ရာရ စစ်သားများကို မြင်းခြံပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသနေကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Blcak Tiger-MBT နှင့်အတူ မဟာမိတ်တပ်များ ပူးပေါင်းဆင်နွှဲခဲ့ ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။