By Ra Wai / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစောထီးဂိတ်ကို PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦး ထိခိုက်မှုရှိကြောင်းသိရသည်။
မတ်လ ခြောက်ရက်၊ နံနက် ကိုးနာရီခွဲခန့်တွင် ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းပေါ်ရှိ ညောင်ဂျစ်ပင်ပျူစောထီးဂိတ်ကို PDF တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း Thurain TR အဖွဲ့ထံက သိရသည်။
” အင်အားကခန့်မှန်းလို့မရဘူး။ လေး၊ ငါးဆယ်ယောက်လောက်ရှိမယ်။ ပျူမတွေရော ပျူထီးတွေရော။ ပစ်ခတ်မှုက ၁၅ မိနစ်ပတ်ချာလည်လောက်ပဲ။ သူတို့ဘက်ကလည်းပစ်တယ်” ဟု Thurain TR အဖွဲ့မှ ရဲဘော်သူရိန်က MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ပျူအမျိုးသားတစ်ဦးနှင့် ပျူအမျိုးသမီးတစ်ဦးတို့ ကျည်ထိပြီး လဲကျသွားသည်ကို မျက်မြင်တွေ့ခဲ့ကြောင်း ၎င်းက ဆိုသည်။
တိုက်ခိုက်မှုဖြစ်ပွားနေစဉ် ယင်းလမ်းပိုင်းပေါ် ဖြတ်သန်းသွားလာသည့် ပြည်သူများမရှိကြောင်း
တိုက်ခိုက်မှုပြီးနောက် ယင်းလမ်းပိုင်းပေါ် ဖြတ်သန်းသွားလာခွင့်ကို ပျူစောထီးတို့က ပိတ်ခဲ့ပြီး ညနေပိုင်းမှသာ ပြန်ဖွင့်ပေးခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Thurain TR၊ Earthquake People’s Defence Force၊Hunter Pakokku၊ Six Senses Guerrilla Force၊ Justice Revolution Force၊ Black Cheater နှင့် မြိုင် ပကဖ (ကိုနှင်းဂွေး) တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။
လဲကျသွားသော ပျူစောထီးများ အခြေအနေကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။