By Ra Wai / MPA
မကွေးတိုင်း၊ ပေါက်နှင့် မြိုင်မြိုနယ်အတွင်းရှိ ကျေးရွာကိုးရွာကို စစ်တပ်က သန်းခေါင် ကျော်အချိန်တွင် ဗုံးကြဲခဲ့ရာ ပြည်သူ ၁၅ ဦး သေဆုံးကြောင်းသိရသည်။
ယနေ့ (မတ်လ သုံးရက်) နံနက် တစ်နာရီဝန်းကျင်တွင် ပေါက်မြို့နယ်၊ သရက်ကန်၊ သပြေညို၊ လက်ပံတိုနှင့် မြိုင်မြို့နယ်၊ ဘောင်းဘင်၊ ဆိတ်ချေး၊ ဂျုတ်ကုန်း၊ ညောင်ကုန်း၊ ဆူးဝန်း၊ တောရွာတို့ ကိုစစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိသည်ဟု ကနဦးသိထားရကြောင်း မြိုင်ပကဖထံမှသိရသည်။

ပုံစာ – စစ်တပ်ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အပျက်အစီးများ။

” တစ်နာရီခွဲနဲ့ နှစ်နာရီခွဲကြားမှာ ဂျက်ဖိုက်တာသုံးစီးနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ကျေးရွာတွေကို တောက်လျှောက်ဗုံးကြဲခဲ့တာဗျ။ ဒီအတိုင်းရည်ရွယ်ချက်ရှိရှိကြဲသွားတာပါ။ တိုက်ပွဲလည်းမဖြစ်ဘူး။ စခန်းလည်းမရှိဘူး။ ပြည်သူတွေအပေါ်ကြဲသွားလို့ ပြည်သူတွေသေရတာပါ ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘောင်းဘင်ရွာမှ လေဦး၊ လက်ပံတိုရွာမှ ခြောက်ဦး၊ သရက်ကန်ရွာမှ သုံးဦး၊ ဆိတ်ချေးရွာမှ တစ်ဦးနှင့် ညောင်ကုန်းရွာမှ တစ်ဦးသေဆုံးကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက်ကလည်း မြိုင်မြိုနယ်၊ ကျောက်ခွက်ရေနံမြေ၌ PDFတပ်ဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာဆောင်ကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၁၂ ဦးသေဆုံးခဲ့သေးသည်။