By Ko Paing/MPA
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ပလိုင်းပျူစောထီးကျေးရွာမှ ဟင်းရွက် ထွက်ရှာသည့် စစ်အုပ်စုဝင်များကို ဒေသခံPDFတို့ တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး သုံး ဦးဒဏ်ရာရရှိကြောင်းသိရသည်။
မတ်လနှစ်ရက်၊ နံနက် ၁၁ နာရီ ခွဲခန့်တွင် ရွှေဘိုမြို့နယ်၊ပလိုင်းပျူစောထီးကျေးရွာမှ ပျူစောထီးနှင့်စစ်သားများသည် ဟင်းသီးဟင်းရွက်နှင့်ထင်းထွက်ရှာစဥ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ၁၅ မိနစ်ဝန်းကျင်ခန့် ထိတွ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဂဠုန်ကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ရွှေဘိုမြို့နယ်က သတင်းထုတ်ပြန်သည်။
“ကျတော်တို့ အတည်ပြုနိုင်တာကတော့ စစ်ခွေး တစ်ကောင်သေတယ်။သုံး ကောင်ဒဏ်ရာရတယ်။ အလောင်းကို ညမှ မီးတွေထွန်းပြီး လာကောက်ကြတာ။ထိတွေ့က ခွေးခြံ(ပလိုင်းရွာ)ရဲ့ အနောက် တောင်ဘက်မှာဖြစ်တာ”ဟုဂဠုန်ကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့-ရွှေဘိုမြို့နယ် မှ သတင်းပြန်ကြားရေး တာဝန်ခံ ကိုမျိုး ကပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ရွှေဘိုမြို့မှ လက်နက်ကြီးဖြင့် နှစ်ချက်ပစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဂဠုန်ကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့-ရွှေဘိုမြို့နယ်၊ရွှေဘိုမြို့နယ် (ပကဖ) တိုက်ခိုက်ရေးအဖွဲ့၊ရွှေဘိုမြို့နယ်(ပကဖ)တိုက်နယ်-၅၊ဒီပဲယင်းမြို့နယ်(ပကဖ) ရွှေဘိုမြို့နယ် တိုက် နယ်-၅ Drone အဖွဲ့၊ဂဠုန်ကြီး Fixed Wing Droneအဖွဲ့၊အားမာန်Fixed Wing Droneအဖွဲ့၊C Fixed Wing Droneအဖွဲ့၊ဘီလူးညီနောင် Fixed Wing Droneအဖွဲ့ ၊P1811 Drone တပ်ရင်းနှင့် ရပ်ကျေး (ပကဖ)တို့ ပူပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML