By Ko Paing/MPA
ကရင်နီပြည်နယ်၊ ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ်တစ်ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာကြောင်း သိရသည်။
ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ရင်း မှ စစ်မှုထမ်း တပ်သား သစ်တစ်ဦးသည် MA – 1 သေနတ် တစ်လက် ၊ ခဲယမ်း ၊ ကျည်ဘောက် နှင့်အတူ မတ်လတစ် ရက်တွင် အလင်းဝင်ခဲ့ကြောင်း Loikaw Local PDF က သတင်းထုတ်ပြန်ထားသည်။
“ကျတော်တို့ ငွေကြေးအရတော့ ဆုမချနိုင်ပါဘူး။Local ရပ်တည်ချက်အရ ဘဏ္ဍာရေး အားနည်းတဲ့ အပိုင်းကြောင့်ပါ။သူတို့ကိုတော့ စိတ်ချ လုံခြုံမှုရှိတဲ့ ချိတ်ဆက်မှုတွေလုပ်ဆောင်ပေးသွားမှာပါ။ ပြီး တော့ သူ့ရဲ့ရွေးချယ်မှုကို လေးစားပြီးလည်း ဆောင်ရွက်ပေးသွားမှာပါ။စောင့်ကြည့်ကာလ ရှိနေတော့ အသေးစိတ်တော့ အများကြီး ပြောလို့မရသေးဘူး”ဟု Loikaw Local PDF၊ ဗဟိုပြန်ကြားရေးတာ ဝန်ခံ ကိုလင်းလင်းက MPAသို့ပြောသည်။
အဆိုပါ တပ်သားသည် စစ်မှုထမ်း အပတ်စဉ်လေးသင်တန်းဆင်းဖြစ်ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီး မကြာမီ ဖမ်းဆီးခံခဲ့ရကာ အဓမ္မ လူသစ်စုဆောင်းခံရခြင်းဖြစ်သည်။
စာတည်း-ML