By Nway / MPA
ပဲခူးတိုင်း၊ သဲကုန်းမြို့တွင်းသို့ တော်လှန်ရေးရဲဘော်ခြောက်ဦးတည်း ဝင်ရောက်လာကာ စစ်တပ်နှင့်ရဲစခန်းတို့ကို ပစ်ခတ်သွားကြောင်း သိရသည်။
ယနေ့ ( ဖေဖော်ဝါရီ ၂၇ ရက် ) နံနက် ၁၀ နာရီခန့်တွင် သဲကုန်းမြို့အရှေ့ဘက် ဆရာအတတ် သင်လမ်းရှိ စစ်ကောင်စီဂိတ်နှင့် ရဲစခန်းကို တော်လှန်ရေးရဲဘော် ခြောက်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သဲကုန်းမြို့ခံတစ်ဦးက ပြောသည်။
” ခြောက်ယောက်တည်းလာတာ။ တစ်နေရာပြီး တစ်နေရာပစ်သွားတာ။ မြို့က နှာခေါင်း ပေါက်လောက်ရှိတာ။ နေရာတွေက သိပ်မဝေးဘူးရယ် ” ဟု ၎င်းက MPA သို့ပြောသည်။
တိုက်ခိုက်မှုဖြစ်ပွားရာ အနီးရှိ ဈေးဆိုင်များ ပိတ်လိုက်ရပြီး ပြည်သူများ အပြင်မထွက်ရဲကြကြောင်း ၎င်းကပြောသည်။
“ တမနက်လုံး ရှုပ်နေတာ။ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ တောက်လျှောက်ကြားရတယ် ” ဟု ယနေ့မွန်းလွဲ နှစ်နာရီခန့်တွင်၎င်းကပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊မရှိနှင့် မည်သည့်အဖွဲ့ကပြုလုပ်သည်ကို မသိရှိရသေးပေ။