By Ko Paing/MPA
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း Dark Shadow အဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ ည ခုနှစ်နာရီခွဲခန့်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အဓိက စစ်မှုထမ်းထဲဆွဲထည့်နေတဲ့ ရဲခွေးတို့ကိုတိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းရဲ့ ကင်းနားဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုအခြေအနေတော့ မသိရသေးပါဘူး” ဟု Dark Shadow အဖွဲ့၊ ဒုတာဝန်ခံ ရဲဘော် CG က MPA သို့ ပြောသည်။
မိုင်းဖောက်ခွဲမှု ပြီးပြီးချင်းတွင် ရဲစခန်းဝင်းထဲမှ ရဲများသေနတ်ပစ်ဖောက်ခြင်းမရှိသလို စခန်းအပြင်သို့လည်း မထွက်လာကြကြောင်း သိရသည်။
“မနေ့ည ရှစ်ခွဲလောက် အဲ့နားကပဲပြန်လာတာ မှောင်မည်းနေတာပဲ။ လမ်းတွေက အစမှောင်နေရော။ နောက်မှသိတာ မိုင်းခွဲခံရတယ်ဆိုတာ” ဟု ဒဂုံတောင် မြို့ခံတစ်ဦး ကပြောသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သော နေရာများကို မသွားကြရန်နှင့်ဝေးဝေးမှ ရှောင်ရှားသွားကြရန် Dark Shadow အဖွဲ့က မေတ္တာရပ်ခံထားသည်။