By Ko Paing/MPA
ရန်ကုန်မြို့၊ အောက်မင်္ဂလာဒုံစစ်တပ်ဝင်းထဲသို့ ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်(ပကဖ) က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၅ ရက်၊ ည ၁၀ နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ခလရခြောက်၊ အောက်မင်္ဂလာဒုံစစ်တပ်ဝင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်(ပကဖ)ဦးဆောင်မှုဖြင့် မိုင်းသုံး လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ကျနော်တို့ ၁၀ နာရီ တိတိမှာ မိုင်း သုံးလုံးဖောက်ခွဲတာ အားလုံးအောင်မြင်ပါတယ်။ ပေါက်ကွဲမှု လည်း ပြင်းထန်တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။စစ်သားတွေ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပါတယ်။တပ်ဝင်းထဲထိ ဝင်ဖောက်ခွဲတာပါ။ဂိတ်ဝတင် မဟုတ်ပါဘူး”ဟု မြောက်ဥက္ကလာပမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ယင်းဖောက်ခွဲမှုဖော်ဆောင်ခဲ့သည့် ရဲဘော်များလည်း ဖမ်းဆီးထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်ပကဖ ၏ဦးဆောင်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ်ပကဖရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။