By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်တွင် ပြုလုပ်သည့် PDF ရဲဘော်တစ်ဦး၏ မင်္ဂလာဆောင်ကို စစ်တပ်က ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ၁၀ဦးထက်မနည်း သေဆုံးမှုရှိကြောင်း သိရသည်။
ယနေ့ ( ဖေဖော်ဝါရီ ၂၅ ရက် ) နံနက် ၁၀ နာရီခန့်တွင် ကျောက်ခွက်ရေနံမှော်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း၌ ပြုလုပ်သည့် မင်္ဂလာဆောင်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖထံက သိရသည်။



” နှစ်လုံးချသွားတာ။ ထိခိုက်သေဆုံးများတယ်။ သေဆုံးသူ၁၀ကျော်ထိရှိတယ် ” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများ ဆေးဝါးကုသမှုခံယူနေကြောင်း သိရသည်။
ဗုံးကြဲခံရသည့်ရွာအနီးတစ်ဝိုက်မှ ပြည်သူများလည်း လေကြောင်းရန်ကြောင့် တိမ်းရှောင်နေကြောင်း သိရသည်။