By Ko Paing / MPA
မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊ငါန်းမြာကြီးရဲစခန်းမှ သေနတ် ပစ်ခတ်ထွက်လာသည့် စစ်သားများကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တစ်ဦးထက်မနည်းသေဆုံးနိုင်ကြောင်း မြင်းခြံခရိုင်အမှတ်ခုနှစ် တပ်ရင်း(Zeroပြောက်ကျားတပ်)ထံက သိရသည်။
ယနေ့(ဖေဖော်ဝါရီခြောက်ရက်) နံနက်ကိုးနာရီခွဲဝန်းကျင်တွင် ငါန်းမြာကြီးရဲစခန်းမှ သေနတ်များပစ် ခတ်ထွက်လာသည့် အင်အား ၄၀ ဝန်းကျင်ရှိစစ်သားများကို ရွာသစ်ရွာ ဘုန်းကြီးကျောင်းအနီး၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့ကငါန်းမြာကြီးကနေ ရှေ့ကိုတိုးချင်နေတာ။ သေနတ်တွေပစ်ပြီးထွက်လာတာ။ကျတော်တို့က မပစ်သေးဘဲ သတ်ကွင်းထဲရောက်မှ အပိုင်လုပ်မယ်ဆိုပြီး အသင့်စောင့်နေခဲ့တာ။စစ်ခွေးတွေက ရှေ့ဆက်မတိုးဘဲ ကျတော်တို့ နေရာယူထားတဲ့နေရာနဲ့ဆို မီတာ ၁၅၀ ဝန်းကျင်လောက်က ရွာသစ်ရွာဘုန်းကြီးကျောင်းအုတ်တံတိုင်းတွေပေါ် တက်ထိုင်နေကြတာ” ဟု မြင်းခြံခရိုင်အမှတ်ခုနှစ် တပ်ရင်း မှ တပ်ရေးအရာရှိ အောင်ခန့် ကပြောသည်။
အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာပြီးနောက် ငါန်းမြာကြီးရဲစခန်းသို့ စစ်သားများ ပြန်လည်ဝင်ရောက်သွားကြောင်းသိရသည်။
“ကျတော်တို့ စနိုက်ဘာသမားက အရင်စပစ်တာမှာ တစ်ကောင် ထိပြီးပြုတ်ကျသွားတာ မျက်မြင်ပဲ။ပြီးတာနဲ့ အပြန်အလှန် ပစ်ကြတာ နာရီဝက်လောက်ကြာတော့ သူတို့ဘက်က နောက်ပြန်ဆုတ်သွားတယ်။သူတို့ဘက်က သေဆုံးမှုက တစ်ဦးထက်တော့ မကဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်ခုနှစ်တပ်ရင်း(Zeroပြောက်ကျားတပ်)၊မြင်ခြံခရိုင်အမှတ်-ခြောက်တပ်ရင်းနှင့်ငါန်းဇွန်မြို့နယ်(ပကဖ)တို့မှပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး PDFရဲဘော်များ ထိခိုက်မှုမရှိBj အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML