By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ကို PDF တို့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးကြောင်းသိရသည်။
ဖေဖော်ဝါရီ နှစ်ရက်၊ နံနက် ကိုးနာရီကျော်တွင် ငွေတွင်းပျူရွာမှ ထွက်လာသည့်စစ်သားနှင့် ပျူစော ထီး ပူပေါင်း အင် အား ၄၀ခန့်ကို တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲနာရီဝက်ကြာဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ဝင် သုံးဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၉-ရောင်နီဦးတပ်ရင်းက သတင်းထုတ်ပြန်သည်။
” ငွေတွင်းကနေ ရွာပတ်ချာလည်ကို နယ်မြေစိုးမိုးရေးပြန်လိုချင်တဲ့သဘောပေါ့ဗျာ။ ကျတော်တို့က ကာထားတော့ ထိတွေ့မှုဖြစ်တာဗျ” ဟု မုံရွာခရိုင်အမှတ် ၁၉-ရောင်နီဦးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် သေဆုံးသည့် အလောင်းနှင့် ဒဏ်ရာရသူများ ကို သယ်ကာ ငွေတွင်းပျူရွာထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်ဗျူဟာ(၆၆)စစ်ကြောင်း(မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉၊၂၁၊၂၆)၊ အရာတော်မြို့နယ်ပကဖအဖွဲ့များနှင့်အတူ အခြားမဟာမိတ်အဖွဲ့များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း – ML