By Ra Wai / MPA
ကချင်ပြည်နယ်၊ မံစီမြို့ တပ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်သားများကို ကေအိုင်အေနှင့် ပူး ပေါင်းတပ်တို့က လိုက်ရှင်းနေကြောင်း သိရသည်။
လက်ရှိတွင် မြို့တွင်း၊မြို့ပြင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေကြကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံက သိရသည်။

“လောလောဆယ် မြို့ပေါ်မှာ နယ်မြေရှင်းလင်းရေးပေါ့။ ပြီးတော့ ပြေးသွားတဲ့ စခ တွေကို လိုက်သုတ် နေကြတယ်။အလုံးစုံပြီးစီးဖို့က သုံးရက်လောက် အချိန်ယူရဦးမယ်နဲ့တူတယ်”ဟု ကချင်ရှေ့တန်းတစ် နေရာရောက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
မံစီမှ ထွက်ပြေးသွားသော စစ်သားများမှာ အစီအစဉ်တကျမဟုတ်ဘဲ ကိုယ်လွတ်ရုန်းထွက်ပြေးသွား ကြခြင်းဖြစ်ကြောင်း သိရသည်။
“ဘယ်လမ်းကြောင်းကနေ ဘယ်ကိုဆုတ်ခွာမယ်ဆိုတာ စနစ်တကျညွှန်ကြားထားတာမျိုး မရှိဘူးလို့ထင်တယ်။ ကိုယ်မသေရေးဟာ ကိုယ့်တာဝန်ပုံစံမျိုး ဝရုန်းသုန်းကား ပြေးကြတာဆိုတော့ ထွက်ပြေးတဲ့အချိန် သေတဲ့ စစ်သားလည်း မနည်းဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ဇန်နဝါရီရှစ်ရက်နံနက်ပိုင်းတွင် အမြောက်တက်၃၅၃ ၊ခမရ ၆၀၁နှင့် ခမရ၃၁၉ တို့ကို ကေအိုင်အေ ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီကင်းစင်သွားသည့် မံစီမြို့ရှိ စစ်တပ် များထဲ၌ ကချင်အမျိုးသားအလံတော်ကို လွှင့်ထူခဲ့ကြသည်။
“မံစီရပြီဆိုတော့ ဗန်းမော်က ပိုလွယ်သွားပြီ။စစ်သဘောအရ တစ်ခုပြိုရင် တောက်လျှောက်ပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
မံစီမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးသွားသည့် စစ်သားအရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။
