By Nway / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ကားတစ်စီးပျက်စီးသွား ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၃၀ရက်)နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ချောင်းဦးမြို့မှ ထွက်လာသည့် စစ်ကောင်စီသံပြားကာ ကားသုံးစီးကို မုံရွာမြို့နယ်၊ မုံရွေးတိုးဂိတ်အနီး၌ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိုးရပ်သွားကြောင်း မုံရွာခရိုင်အမှတ် ၁၁တပ်ရင်းက သတင်းထုတ်ပြန်သည်။
” ကားကထိုးရပ်သွားတယ်။ ပြီးတော့ ဘက်စုံခြံ(ချောင်းဦးမြို့နယ်)ဘက်ကိုဆွဲသွားဝာာ။ အဲဒီကနေတစ်ဆင့်ပြီးတော့ ကားချိန်းပြီး မုံရွာဘက်ကို ဆက်တက်သွားတာ” ဟု မုံရွာခရိုင်အမှတ် ၁၁တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
မိုင်းဆွဲခံရပြီးနောက် မုံရွာသို့ ဆက်လက်ထွက်ခွာစဉ် မုံရွေးဈေးအနီး၌လည်း ထပ်မံမိုင်းဆွဲခံရသေးကြောင်းသိရသည်။
မိုင်းဆွဲခံရမှုကြောင့် စစ်သားများ သေဆုံး၊ဒဏ်ရာရ ရှိ၊မရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်၁၁တပ်ရင်း၊Youth Vigor Revolution Forceနှင့် Shining Star Local Defense Forceအဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။