By Ko Paing/MPA
မကွေးတိုင်း၊ရေစကြိုမြို့ပေါ်တွင် သန်းခေါင်စာရင်းကောက်ခံနေသော စစ်အုပ်စုဝင်များကို အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိကြောင်း ရေစကြိုမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၁၀ ရက်၊နေ့ခင်း ၁၁ နာရီဝန်းကျင်တွင် ရေစကြိုမြို့ပေါ် အမှတ်ခုနှစ်ရပ်ကွက်၌ အင်အား ၅၀ ဝန်းကျင်ဖြင့် သန်းခေါင်စာရင်းကောက်ခံနေသည့် စစ်အုပ်စုဝင်များကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ သန်းခေါင်စာရင်းကောက်နေတာကို လုံခြုံရေးပေးတဲ့ စစ်သားနဲ့ပျူတွေကိုပစ်တာဗျ။ ထိတွေ့မှု ကတော့ ခဏပါပဲ။သူပစ် ကိုယ်ပစ်ပဲ။ပစ်ခတ်မှုပြီးတော့ ၆၀(၆၀မမ လက်နက်ကြီး) တွေနဲ့ ဟိုပစ် ဒီပစ်တွေတော့ ဒီကောင်တွေလုပ်တယ်။ကျတော်တို့ရဲဘော်တွေရော၊ပြည်သူတွေရော မထိခိုက်ပါ ဘူး။ ကျတော်တို့ဝင်ပစ်တဲ့ရပ်ကွက်က နှစ်ဖက်စိုးမိုးထားတဲ့နေရာ မြို့တောင်ရပ်ပေါ့။သူဦး သူစား၊ကိုယ်ဦး ကိုယ်စားပါပဲ” ဟု ရေစကြိုမြို့နယ်ပကဖ တာဝန်ခံရဲဘော်ဝေကြီး က MPAသို့ ပြောသည်။
၁၅ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရေစကြိုပကဖရဲဘော်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်သားတစ်ဦးမှာ ဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
စစ်အုပ်စုဝင်များ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။