By Bala / MPA
မာကျောလှသော စခန်းကုန်းများအတွက် အထူးလက်ဆောင်သစ်ဟုဆိုကာ ဟာကျူလီ အမည်ဖြင့် ဒရုန်းအသစ်ကို Federal Wings က ယနေ့တွင် မိတ်ဆက်ခဲ့သည်။
ဟာကျူလီအမည်ရ ဒရုန်းကို ပြည်သူလူထု၏ ထောက်ပံ့မှုဖြင့် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ရောင်းစားမည်မဟုတ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ FW (Federal Wings )အနေနဲ့ ဒရုန်းတွေကို ထုတ်လုပ်ရောင်းချခြင်းမျိုး ပြုလုပ်မှာမဟုတ်ဘဲ FW နဲ့လက်တွဲထားတဲ့ မြေပြင်တပ်ရင်း၊တပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို အလျင်မီအောင် ဖြည့်တင်းနိုင်ဖို့အတွက် ဦးစားပေးဆောင်ရွက်နေပါတယ်” ဟု ၎င်းက MPAသို့ပြောသည်။
ဟာကျူလီ ဒရုန်း၏ အသေးစိတ်အချက်အလက်များကိုမူ လုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ လတ်တလောတွင် ထုတ်ပြန်ဦးမည်မဟုတ်ဟုဆို သည်။
“ မြေပြင်ကရဲဘော်ရဲဘက်တွေအတွက် အားကိုးရတဲ့ကောင်ကြီးဖြစ်မှာ အသေအချာပါ” ဟု Federal Wings ကဆိုသည်။
လက်ရှိတွင် ကရင်ပြည်နယ်၌ စစ်ကောင်စီတပ်နှင့် KNUအပါအဝင် ဒေသခံတော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။