By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ မီးသတ်ရုံးကို PDFတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယနေ့ (အောက်တိုဘာ ၁၄ရက်) နံနက် ခုနှစ်နာရီခန့်က ဝက်လက်မြို့အဝင်ရှိ မီးသတ်ရုံးကို ဒရုန်းဖြင့် ဗုံးသီးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅တပ်ရင်းထံကသိရသည်။
” ဝက်လက်-လှတောသွားတဲ့လမ်း။ မြို့အစွန်ပေါ့။ မီးသတ်ရုံးရယ်၊ မီးသတ်ရုံးကင်း ဘန်ကာတွေမှာ ချခဲ့တာပါ။ စစ်သား၊ပျူ ၊ ရဲ ရောနေတာ ပျူတွေများတယ်။ နှစ်ကောင်ကတော့ ဒဏ်ရာတော်တော်ပြင်းတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၁၅တပ်ရင်း၊ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက MPA သို့ပြောသည်။
ဒဏ်ရာရှိသူနှစ်ဦးကို စစ်ကောင်စီတပ်က ဝက်လက်မြို့နယ်ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုပေးနေကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က လက်နက်ငယ်များနှင့် ပြန်လည်ပစ်ခတ်မှုရှိသော်လည်း PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅နှင့် တောင်သူလယ်သမားတပ်ပေါင်းစုအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်အုပ်စုဝင်များ ဒဏ်ရာရရှိမှုကို MPA အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။