By Nway / MPA
လားရှိုးမြို့ပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီသတင်းပေးဟု သံသယရှိသူ ၂၀ကျော်ကို MNDAA ကဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။
ယင်းဖမ်းဆီးထားသူများကို သေချာစစ်ဆေးလျက်ရှိကာ အပြစ်မရှိသူများအား ပြန်လွှတ်ပေးပြီး လတ် တလောတွင် သတင်းပေးများအား သေဒဏ်ပေးခြင်းမျိုး မရှိကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေး က သတင်းထုတ်ပြန်သည်။
“လားရှိုးပြည်သူတွေက သတင်းပေးရော စစ်ကောင်စီကိုရော အမှုန့်ချေပစ်ချင်နေတာ။ သေနတ်၊ သေနတ် ချင်း ယှဉ်တိုက်တာ ရှုံးပြီးတော့မှ ဘာမှမဆိုင်တဲ့ ပြည်သူကို ဗုံးလာကြဲနေတယ်ဆိုတာ အင်မတန် သရဲဘောကြောင်တဲ့လုပ်ရပ်ကိုး။အဲဒါကြောင့် ပြည်သူတွေက စစ်တပ်ဒလန်တွေကို ဖော် ထုတ်ကြတာ” ဟုလားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
ယင်းသံသယရှိသူများကို လားရှိုးမြို့လေကြောင်းတိုက်ခိုက်မှုစတင်ခံရပြီးနောက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အပြစ်ရှိသူများအား MNDAA က ယာယီ ထိန်းသိမ်းထားကြောင်း ၎င်းတို့ကို ပြည်သူများက သတင်းပေးခြင်းကြောင့် အဓိက သိရှိရပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့များ၏ကြိုးပမ်းမှုကြောင့်လည်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေခြင်းသည် မြို့တွင်းရှိ စစ်ကောင်စီသတင်း ပေးများ ကြောင့် ဖြစ်နိုင်ခြေများကြောင်းလည်း လားရှိုးမြို့ပြန်လည်ထူထောင်ရေး က ထုတ်ပြန်သည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီသတင်းပေးဟု သံသယရှိပါက လားရှိုးမြို့ပြန်လည်ထူထောင်ရေး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ သို့မဟုတ် နီးစပ်ရာ ရပ်ကွက်ရုံးများရှိတာဝန်ရှိသူများထံ သတင်းပို့တိုင်ကြားနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ဩဂုတ်သုံးရက်တွင် လားရှိုးမြို့ကို MNDAAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဩဂုတ်လကုန်ပိုင်းမှစ တင်ကာ လားရှိုးမြို့ပြည်သူများအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီ က ဆက်တိုက်ပြုလုပ်လျက်ရှိသည်။


