By Ra Wai / MPA
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် မိသားစုဝင် လေးဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာတစ်ရက်၊ညနေခြောက်နာရီခန့်တွင် စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ပန်းတောင်းမြို့နယ်၊မြင်းခြံကုန်းရွာနေ အမျိုးသမီးသုံးဦးနှင့် ကလေး(ကျား)တစ်ဦး သေဆုံးခဲ့ကာ နှစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့၊စံပြရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
“မြင်းခြံကုန်းက အိမ်ပေါ်ကို ဗုံးကျတာ။မိသားစုလေးယောက်စလုံး ပွဲချင်းပြီးလို့ သိရတယ်။ဒဏ်ရာရ တဲ့ နှစ်ယောက်ထဲက တစ်ယောက်က ဒီမနက်မှ အခြေအနေမကောင်းဘူး။ဘာတိုက်ပွဲမှမရှိဘူး။အ လွတ်ကြဲချတာ”ဟု ၎င်းက MPAသို့ ပြောသည်။
ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးလာကြဲခြင်းဖြစ်ပြီး ဗုံးချခံရပြီးနောက် ဒေသခံများ ထွက်ပြေးတိမ်းရှောင် ကြကြောင်းသိရသည်။
“အရင်က ဒါမျိုးမကြဲဖူးဘူးဆိုတော့ အကုန်ကျီးလန့်စာစားဖြစ်ကုန်တယ်။မနေ့(စက်တင်ဘာတစ် ရက်)ညက ရွာခံတော်တော်များများ လန့်ပြီး ရွာမှာ မနေရဲကြဘူး။ဒီမနက်တောင် တချို့ ရွာထဲ ပြန် မဝင်ကြသေးဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ဩဂုတ် ၁၀ရက်မှစတင်၍ နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့တွင် ကာကွယ်ရေးတပ်ဖွဲ့များက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး ( MDSO ) ဆင်နွှဲလျက်ရှိရာ စစ်ကောင်စီတပ်က ယင်းမြို့နယ်များ၏ အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနေသည်။
ကျောက်ပန်းတောင်းနှင့်တောင်သာမြို့သည် ကပ်လျက်ဖြစ်ပြီး ယခုဗုံးကြဲခံရသော ရွာများမှာ ကျောက်ပန်းတောင်းနှင့်တောင်သာမြို့နယ်အစပ်ရှိ ရွာများဖြစ်သည်။