မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အခြေစိုက်ရာ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းကို PDF တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုဖြင့် ဩဂုတ်၂၉ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ယနေ့(ဩဂုတ်၃၀) နံနက်ပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ် ကြောင်း အမှတ်တစ်စစ်ဒေသ ကသတင်းထုတ်ပြန်သည်။
ယင်းတိုက်ပွဲအတွင်း သေနတ်၁၃လက်၊ Drone Slayer နှစ်လက်၊ ၆၀ (မမ) ဗုံးသီး ၄၃ လုံး၊ အီနာဂါ ခြောက်လုံး၊ ကျည်အိမ် ၂၂ ခု နှင့် ကျည်ဆန် ၂၇၉၆တောင့် သိမ်းဆည်းရမိခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် တပ်ရင်း (တစ်၊ နှစ်)၊ အမှတ် ၅၀၉၊ ၅၁၀၊ ၅၁၂ တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် / သပိတ်ကျင်းမြိုနယ် ပကဖ၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် တစ် ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့နှင့် ကန့်ဘလူခရိုင် W-89 တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း အမှတ်တစ်စစ်ဒေသက ဆိုသည်။