ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊တောင်ခမ်းရွာရှိ ၉၀၂အမြောက်တပ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိ ကြောင်း တအောင်းတပ်မတော်TNLA က ယနေ့(ဩဂုတ်၃၀ရက်)ည သတင်းထုတ်ပြန်သည်။
TNLAအနေနှင့် တိုက်ပွဲများ ချက်ချင်းရပ်ရန်နှင့် မရပ်ပါက ဆုံးမသွန်သင်သည့်နည်းလမ်းကို ပိုမိုလုပ်ဆောင် သွားမည်ဖြစ်ပြီး ဖြစ်ပေါ်လာသည့် အကျိုးဆက်အားလုံးအား TNLA က တာဝန်ယူရမည်ဟု တရုတ်အစိုးရက ဩဂုတ်၂၉ရက်၌ ခြိမ်းခြောက်စာ ပေးပို့ခဲ့ပြီး ယနေ့တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
တရုတ်အစိုးရ၏ ယင်းခြိမ်းခြောက်စာနှင့်ပတ်သက်ပြီး TNLAဗဟိုကော်မတီအတွင်း ဆွေးနွေးနေဆဲ ဖြစ်ကြောင်း TNLAပြောရေးဆိုခွင့်ရှိသူက မီဒီယာများသို့ ယနေ့ ပြောကြားထားသည်။
တိုက်ပွဲဖြစ်ပွားနေသော ၉၀၂ တပ်စခန်းသို့ စစ်တပ်က လေကြောင်းမှနေ၍ လက်နက်ခဲယမ်း ၈၅ ထုပ် လာကြဲချသွားကြောင်း TNLA၏ ယနေ့ည ထုတ်ပြန်ထားသည်။
တောင်ခမ်းရွာရှိ အမြောက်တပ် ၄၀၆နှင့် ၂၀၆ တို့ကို ဩဂုတ်၂၈ရက်တွင် TNLA က သိမ်းပိုက်နိုင်ခဲ့ ပြီးဖြစ်သည်။