By Nway / MPA
PDF သိမ်းပိုက်ထားသည့် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျွဲတလင်းပျူစောထီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၆ရက်၊ ညရှစ်နာရီခွဲခန့်တွင် ကျွဲတလင်းပျူရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က MI 35 ဖြင့် ဗုံး ခြောက်လုံး ကြဲချခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ – တောင်သာ ထံက သိရသည်။
“ ခုက ပေါင် ၅၀၀ဗုံးတစ် လုံးနဲ့ ပေါင် ၂၀၀ ငါးလုံး ကြဲပြီး တိုက်ခိုက်သွားတာ။ ပြည်သူ တစ်ဦးသေ ဆုံး ခဲ့ပြီး ကာကွယ်ရေးရဲဘော် တစ်ဦးရယ် ၊ ပြည်သူ နှစ်ဦးဒဏ်ရာရတယ်” ဟု လူထုလှုပ်ရှားမှုကော်မတီ – တောင်သာ မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းပျူစောထီးရွာကို ၂၀၂၄ခုနှစ်၊ဇူလိုင် ၁၄ရက်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
“ ပျူရွာကို PDF သိမ်းပြီးကတည်းက ရွာမှာ စစ်ကောင်စီတပ်သားတွေမရှိတော့တာ။ အရင်ထဲက တစ်ရွာလုံးကပျူမဟုတ်ပါဘူး။ ခု သူတို့မရှိတော့ သာမန်ပြည်သူတွေပဲနေကြတော့တယ်” ဟု ၎င်းကပြောသည်။
ဩဂုတ် ၁၀ရက်မှစတင်ကာ နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာမြို့နယ်တို့တွင် ကာကွယ်ရေးတပ်ဖွဲ့များက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO) ဆင်နွှဲနေပြီး တောင်သာမြို့နယ်ရှိ ထွေအုပ်၊ မီးသတ်နှင့် ရဲစခန်းမှအပ ကျန် ဌာနဆိုင်ရာများ ယန္တရား ရပ်ဆိုင်းလျက်ရှိသည်။