By Zwe Ko / MPA
ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသောတပ်ကို PDF တို့ တိုက်ခိုက်ခဲ့ရာ စစ်သား၁၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာမှ စက်ကုန်းေကျးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင် PDFတပ်ဖွဲ့တို့ ဩဂုတ် ၂၀ရက်၊ နံနက် ကိုးနာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အထိနာကာ နံနက်၁၀နာရီဝန်းကျင်၌ သေဆုံးသူနှင့်ဒဏ်ရာရသူများအား ပြန်သယ်သွားကာ လိပ်ပေါကျေးရွာသို့ တပ်ပြန်ဆုတ်သွားကြောင်း အာဠာဝက စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
“မျက်မြင်တာရော ၊ သတင်းပေးတွေဆီကသိရတာ ၁၂ယောက်သေတယ်။ ငါးဦးဒဏ်ရရတယ်။ အစ်ကိုတို့ ဘက်ကတော့ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး”ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းစစ်ကြောင်းတွင် စစ်သားအင်အား၅၀ခန့်ပါဝင်ပြီး ကိုက်၃၀၀ခန့်အကွာ၌ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင်ကျည်ဆန်အချို့၊ လွယ်အိတ်နှစ် လုံးနဲ့ ဆေးပစ္စည်းအနည်းငယ် သိမ်းဆည်းရမိခဲ့သည်။
လိပ်ပေါကျေးရွာသို့ စတင်စစ်ကြောင်းထိုးလာသည့် ဩဂုတ် ၁၉ရက်တွင် စစ်သားများက ဒရုန်းဖြစ်ကျေးရွာအတွင်းသို့ ဗုံးကြဲချခဲ့ရာ အိမ်တစ်လုံးပေါ်သို့ ကျရောက်ခဲ့ပြီး အသက် ၄၀ခန့်ရှိ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
ယင်းတိုက်ခိုက်မှုကို အာဠာဝက စစ်ကြောင်းနှင့် ဖြူးPDO အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကိုမူ MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။