ရှမ်းပြည်နယ်၊ကျောက်မဲတွင် ယနေ့(ဩဂုတ်ငါးရက်)ဖြစ်ပွားသောတိုက်ပွဲ၌ စစ်တပ်က လေကြောင်းမှ ဗုံးအလုံး၁၀၀ခန့် ကြဲချခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ငါးနာရီကျော်တွင် ကျောက်မဲမြို့၊စစ်တပ်လက်ကျန်စခန်း စကခတစ်နှင့် ခမရ၅၀၁၊၅၀၂ စခန်းကုန်းတို့ကို TNLAက တိုက်ခိုက်ခဲ့ရာ စခန်းကုန်းအနီးတစ်ဝိုက်သို့ Y12လေယာဉ်ဖြင့် ဗုံး၉၆လုံး၊ ပတ္တမြားစေတီအနီးတစ်ဝိုက်သို့ ဗုံးနှစ်လုံးနှင့် ဂျက်ဖိုက်တာဖြင့် လေးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က ယနေ့ညသတင်းထုတ်ပြန်သည်။
ယနေ့တွင် နောင်ချိုမြို့နယ်၊ကန်ကြီးရွာသို့ ဂျက်ဖိုက်တာဖြင့် သုံးကြိမ် လာရောက်ပစ်ခတ်သွားသေးကြောင်းလည်း သိရသည်။