By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားခြောက်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း Chindwin Galone Yarzar Guerrilla Defense Force က သတင်းထုတ်ပြန်သည်။
ဇူလိုင် ၃၁ ရက်၊ ညနေပိုင်းတွင် ဆားလင်းကြီးမြို့နယ်၊ညောင်ပင်ကြီးဂိတ်ရှိ ကုန်ကားများကို ငွေတောင်းရမ်းနေသည့် စစ်သားများအား ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်သားတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ညောင်ပင်ကြီးဂိတ်မှာက စစ်သားရှစ်ယောက်လောက်ရှိတာ။ နှစ်ယောက်က ထွက်ပြေးတယ်။ကျနော်က ကားနဲ့ဝင်ပစ်တာ ငါးမိနစ်လောက်ပဲကြာတယ်။မျက်မြင်က ခြောက် ယောက်သေတယ်။သေနတ် လေးလက်ရတယ်” ဟု ဆားလင်းကြီး GZ မှ ရဲဘော် ပန်ကာ က MPAသို့ ပြောသည်။
စစ်သားများထံမှ G-3 သေနတ်သုံးလက်၊အူဇီ တစ်လက်၊ကျည်အတောင့် ၁၀၀ ဝန်းကျင်၊ငွေနှစ် သိန်းခန့်နှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုပြီးနောက် စစ်သားအလောင်းများကို ဝမ်ပေါင်ကုမ္ပဏီထဲသို့ လာရောက်သယ်ဆောင်သွားကြောင်းသိရသည်။
ထို့အပြင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်သားအင်အား ၁၀၀ ဖြင့် ညရှစ်နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာကြောင်းလည်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Chindwin Galone Yarzar Guerrilla Defense Force၊ဆားလင်းကြီး GZ ၊YPFနှင့် Alph Special Force တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPAအနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။