ရှမ်းပြည်နယ်၊ကျောက်မဲမြို့နှင့် လားရှိုးမြို့တို့တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ပြည်သူခြောက်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
ဇူလိုင်၁၆ရက်တွင်ကျောက်မဲမြို့၊ ခိုမုန်းသစ်စက်ဝင်းရှိ နေအိမ်ပေါ်သို့ စစ်ကောင်စီတပ် ပစ်ခတ် သည့် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲရာ အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ ပြီး ရပ်ကွက်ရှစ်တွင်လည်း ကားဝပ်ရှော့ဆိုင်ထဲသို့ လက်နက် ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကားသုံးစီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
လားရှိုးမြို ရပ်ကွက်တစ်တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင်သုံး ဦးလက်နက်ကြီးစ ထိမှန်သေဆုံးသွားခဲ့ကြောင်း TNLAက ဆိုသည်။
ထိုအပြင် မိုးကုတ်အရှေ့ပိုင်း ညောင်လေးပင်တွင် နေအိမ်ပေါ်သို့ လက်နက်ကြီး ကျရောက်မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး ချမ်းမြေ့သာယာရပ်ကွက်နှင့် ရေပူတွင်လည်း လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့ရာ နေအိမ်သုံးလုံး မီးလောင်ပျက်စီး သွားခဲ့သည်။
TNLA က လေးရက်တာ အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပစ်ရပ် သုံးရက်အတွင်းပြည်သူကိုး ဦးသေဆုံးပြီး ကိုး ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။