“ BPLA ရဲ့ မူဝါဒတွေ နိုင်ငံရေး ရည်မှန်းချက်တွေရှိမယ်။ စစ်ရေးရည်မှန်းချက်တွေ ရှိမယ်။ အဲ့ဒီဟာတွေကို ကျတော်တို့ထုတ်ပြန်ထားတာတွေ ရှိတယ်။ ဒါတွေကို ကျေလည်ပြီးတော့ စစ်အာဏာရှင်စနစ်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် ရဲဘော်တွေကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်”
ကိုလင်းလင်း (BPLA – သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ)
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ အပတ်စဉ် (၆) သင်တန်းအတွက် နိုဝင်ဘာလမှစတင်၍ သင်တန်းသားခေါ်ယူနေကြောင်း သိရသည်။
သင်တန်းသားအရေအတွက်ပြည့်မီသည့်အချိန်တွင် သင်တန်းစတင်ပို့ချပေးမည်ဖြစ်ပြီး လူဦးရေကို တပ်ရင်းတစ်ရင်းစာ စုဆောင်းမည်ဖြစ်ကာ သင်တန်းကာလကို ၃ လနှင့် ၄ လ ဝန်းကျင် အချိန်ယူသင်ကြားပေးမည်ဟု ဆိုသည်။