စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင်းသို့ စစ်ကောင်စီလက်အောက်ခံ SNA တပ်သား ၁၀၀ခန့်ကို စစ်ကူပို့ ထားကြောင်း သိရသည်။
ကောလင်း မြို့အား တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် အင်းတော် မြို့ကိုပါ တော်လှန်ရေးတပ်ဖွဲ့ များ တိုက်ခိုက်မည်စိုးသဖြင့် SNA (ရှမ်းနီအမျိုးသား များတပ်မတော်) တပ်သားများအား စစ်ကူ ပို့ထားခြင်းဖြစ်ကြောင်း Indaw Revolution ထံက သိရ သည်။
“ ကောလင်းကို သိမ်းေတာ့ KIA ၊PDF တွေ က အင်းတော်လည်း ၀င်မယ် ဘာညာနဲ့ အင်အား ထပ်ဖြည့်တဲ့ သဘောပါ။ အရင် မြို့မှာ ရှိတဲ့ အင်အားနဲ့ဆို ၂၀၀ ကျော်ေလာက် မြို့ပေါ်မှာ ရှိမယ် ” ဟု Indaw Revolutionမှ တာ၀န်ရှိသူ တစ်ဦးက ပြောသည်။
အင်းတော် မြို့တွင်းရှိ စစ်အုပ်စုဝင်တို့သည် အင်းတော်ရဲစခန်းနှင့် ယခင် ဒုတိယ ကမ္ဘာစစ်အတွင်း၌ ဂျပန်တို့ မြေအောက်ဆေးရုံ အဖြစ် အသုံးပြုခဲ့သည့် ပြတိုက် ၌ တပ်စွဲ ထားသည်။
“ အဲ ပြတိုက် နေရာကို အာဏာသိမ်းပြီး လက်နက်ကိုင်ေ တာ်လှန် ရေးတွေ စကတည်းက တပ်စွဲထားတယ်။ အင်းတော်ရဲစခန်းက မိသားစု၀င်တွေ ၊ပိုက်ဆံတွေ အဲမှာထားတယ် ။ လက်နက်ကြီးတွေ တည်ထားတယ်။ အနီးနားက ပြည်သူတွေ ကို ထုနေတာ အဲက ပဲ “ ဟု ၎င်း က ဆက်လက်ပြောသည်။
လက်ရှိအချိန်၌ အင်းတော်မြို့၏ အရှေ့မြောက်ဘက် နဘားလမ်းဆုံ၌ လည်း နဘားနယ်အတွင်းမှ ပျူစောထီးများနှင့် ပေါင်း၍ အင်အား ၁၀၀ ကျော် ထပ်ဖြည့် ကာ ခံစစ်ပြင်နေကြောင်း သိရသည်။
အင်းတော် မြို့တွင် လူဦးရ ၁၀၀၀၀ ကျော် ရှိပြီး အနည်းငယ်မှာ ရန်ကုန်၊မန္တလေး ကဲ့သို့ မြို့ကြီးများသို့ ရှောင်တိမ်းသွားကြပြီဖြစ်ကာ အများစုမှာ မြို့အတွင်း၌သာ ဆက်လက် နေထိုင်လျက် ရှိသည်။
“ အရင် ကောလင်း ဘက်တွေ တိုက်ပွဲတွေ ဖြစ် တော့ ရှောင်ကြေသးတယ်။ ဒါပေမဲ့၊ မြို့တွင်းမှာ ရှိတဲ့ SNA တပ်က ပြည်သူမရှိတဲ့ အိမ်က ပစ္စည်းတွေ ယူချင်သလို ယူနေကြတော့ ပြည်သူတွေ ပြန်၀င်နေကြတာ “ ဟု ဒေသခံ တစ်ဦးက ပြောသည်။
ထို့ပြင် အင်းတော် မြို့ စစ်တပ်ကုန်း(ဂျပန်မြေအောက်ဆေးရုံ)နှင့် မဲဇာ ကျေးရွာ ရဲစခန်း အတွင်းမှ လက်နက်ကြီးဖြင့် နေရာစုံသို့ နေ့တိုင်းနီးပါး ပစ်ခတ် နေ၍ ပြည်သူတို့၏ နေအိမ်များ ပျက်စီးမှု ရှိသလို မကြာခဏ ဆိုသလို ဒေသခံတို့ ထိခိုက် သေဆုံး နေကြောင်းသိရသည်။
မဲဇာရွာအတွင်းရှိ မဲဇာ ရဲစခန်းအတွင်း၌ ရဲနှင့် ပျူများအပါအ၀င် အင်အား ၃၀ ကျော် ရှိကြောင်း Indaw Revolutionမှ တာ၀န်ရှိသူက ပြောသည်။
နို၀င်ဘာ ၂၆ ရက် ညပိုင်း တွင် မဲဇာ ရဲစခန်းအတွင်းမှ ပစ်ခတ် သော လက်နက်ကြီးကျည် ထိမှန်၍ မဲဇာ အမှတ် ၄ ရပ်ကွက်နှင့် အမှတ်၅ ရပ်ကွက်မှ ပြည်သူ ၃ဦး ဒဏ်ရာခဲ့ကာ အသက် ၅၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးမှာ ဆေးကုသေနစဉ် သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးမှာလည်း ခြေထောက် တစ်ဖက် ဖြတ်ပစ် ခဲ့ရသည်။
အင်းတော်မြို့အနီးရှိ ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၆ရက်တွင် သိမ်း ပိုက် ခဲ့သည်။